fbpx

သေနတ်ပစ်ခံရပြီးကြံ့ခိုင်ရေးပါတီဝင်တစ်ဦးသေဆုံးပြန်

By MPA

စစ်ကိုင်းတိုင်းဒေသကြီး၊ခင်ဦးမြို့နယ်၊အိုင်ပေါက်ကြီးကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကျေးရွာစည်းရုံးရေးမှူး ပါတီဝင် ဦးအုန်းခိုင်ကို ဒီကနေ့မေလ၂၈ရက်နေ့တွင် အမည်မသိလူနှစ်ဦးက နေအိမ်သို့ ရုတ်တရက်ရောက်လာပြီး သေနတ်ဖြင့်ပစ်သဖြင့်သေဆုံးသွားကြောင်းသိရသည်။

ကြံ့ခိုင်ရေးပါတီဝင် ဦးအုန်းခိုင်သည် ဒီကနေ့မေလ၂၈ရက်နေ့တွင်ဓားမြှောင်ခါးကြားထိုးပြီး တစ်ရွာလုံးကို စိန်ခေါ်မှုတွေပြုလုပ်ခဲ့ပြီးနေ့လယ်ခင်းပိုင်းတွင်အသတ်ခံခဲ့ရခြင်းဖြစ်သည်။

မွန်ပြည်နယ်ဘီးလင်းကြံ့ခိုင်ရေးဥက္ကဌသည်မေလ၂၇ရက်နေ့တွင် သေနတ်ပစ်ခံရမှုကြောင့်သေဆုံးခဲ့ရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၎င်းတို့ပါတီဝင်များယခုလတ်တလောတွင်အသေများနေသဖြင့် ကိုယ့်ကိုကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝအသုံးပြုပြီးခုခံကာကွယ်သွားမည်ဟု မေလ၂၈ရက်ရက်စွဲဖြင့်စာထုတ်ကြွေးကြော်ထားသည်။

ပါတီတင်ဦးအုန်းခိုင်သေဆုံးပီးနောက် ရွာကို အကြမ်းဖက်စစ်တပ်များရောက်ရှိလာပြီး သံသယရှိသူ ရွာသားများကို ပိုက်စေ့ တိုက်ရှာမည်ဟုကြိမ်းဝါးသည့်အတွက်ဒေသခံရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရပါသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: