fbpx

မြဝတီတွင်အကြမ်းဖက်စစ်တပ်က အများပြည်သူပိုင်အာဇာနည်ဗိမာန်ကို ညတွင်းချင်းဖြိုချ

7 June 2021_ By MPA

ကရင်ပြည်နယ်မြဝတီမြို့ အမှတ်၁ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ဗိမာန်ကို အကြမ်းဖက်စစ်တပ်က ဇွန်လ၆ရက်နေ့တွင် ညတွင်းချင်း ဖြိုချခဲ့သည်။

“ဖျက်ဆီးခံရမှုတွင် အာဇာနည်ဗိမ္မာန် နောက်ခံအနီရောင်ဘက်ဂရောင်းများ နှင့် အဝင်မုဒ်ဦးများမှာ ပျက်စီးသွားပြီ”ဟုဒေသခံတစ်ဦးကဆိုသည်။

မနေ့ကညအချိန်တွင် တစ်မြို့လုံးနီးပါးကို မီးဖျက်ပြီး စက်ယန္တရားကြီးများဖြင့်အကြမ်းဖက်စစ်တပ်ကညတွင်းချင်းဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကရင်ပြည်နယ်ရှိဖားအံမြို့၊ ကော့ကရိတ်မြို့၊ လှိုင်းဘွဲ့မြို့ ကြာအင်းဆိပ်ကြီးမြို့ စသည့် မြို့များရှိ အာဇာနည်ဗိမာန်များကိုလည်း တစ်ပြိုင်နက်ဖြိုချဖျက်ဆီးခဲ့ကြောင်း ကရင်သတင်းဌာနတစ်ခုကဖော်ပြသည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် အာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်းတွင် အများပြည်သူပိုင်အဆောက်အအုံများကိုဖျက်ဆီးခြင်း၊ဘာသာရေးဆိုင်ရာအဆောက်အအုံများကိုဖျက်ဆီးခြင်း၊ နေအိမ်များအတွင်းမှ ပစ္စည်းများယူဆောင်ခြင်း စသည့် မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များကို ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိသည်။

Photo_ Karen Information Center

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: