fbpx

မန္တလေးPDFပြောက်ကျားတပ်ခွဲတစ်ခုဝင်စီးခံရသဖြင့်တိုက်ပွဲများဖြစ်ပွားနေ

22 June 2021 _ By MPA

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ အဆောင်တစ်ခုကိုနံနက်၇နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များ မန္တလေးPDFပြောက်ကျားတပ်ခွဲ တစ်ခုဝင်စီးခဲ့သဖြင့်တိုက်ပွဲများအပြန်အလှန်ဖြစ်ပွားနေကြောင်းသိရသည်။

မန္တလေးတိုင်းတွင် အကြမ်းဖက်စစ်တပ်ကို ပြောက်ကျားတော်လှန်ခြင်းစတင်ပြီဖြစ်ကြောင်း၊ဟီးနင်းခြင်းခံရသည်မှာPDF (MDY)ဒီက PDF (MDY)မန္တလေး၏ပြောက်ကျား တပ်ခွဲတစ်ခုဖြစ်ကြောင်းPDF _(MDY)၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်ထိတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်မှ လက်နက်အင်အားအများအပြားအသုံးပြုတိုက်ခိုက်နေကြောင်းသိရသည်။စစ်တပ်သည် တင့်ကားများပါအသုံးပြုလာပြီး မေမြို့မှလည်း စစ်သေနတ်များတပ်ဆင်ထားသည့် ကားများဖြင့်ပါ တပ်ကူများဆင်းလာကြောင်းမျက်မြင်များကဆိုသည်။

လက်ရှိအခြေအနေနှင့်ပက်သတ်ပြီး ““ သူတို့ဘက်ကတော်တော်ကျနေပြီ၊ကျွန်တော်တို့ဘက်က ခုထိအထိအခိုက်အကျအဆုံးဘာမှမရှိသေးဘူး၊ အမှန်ကသူတို့က အနံ့ရလို့ရောက်လာတာ၊ ကျွန်တော်တို့ကကြိုသိသွားတော့အသာစီးရသွားတာ၊ ခုထိပစ်နေတုန်းပါ၊ပြည်သူတွေတော့ဘေးလွတ်ရာရွှေ့နေကြပါပြီ၊ကျွန်တော်တို့ကမဆုတ်သေးပါဘူး၊ဆက်တိုက်သွားမှာ”ဟု PDF အဖွဲ့ဝင် ဗိုလ်ထွန်းတောက်နိုင် က ပြောသည်။

မန္တလေးပြည်သူတွေ အနေဖြင့် ယင်းတို့ကိုကူညီနိုင်ရန်အတွက် လမ်းတွေပိတ်ပေးကြရန်၊ ရရာလက်နက် ဆွဲကိုင်ထွက်ပေးကြရန် မြို့ပြပျောက်ကျားတာဝန်ခံ
ဗိုလ်ထွန်းတောက်နိုင်က ဖေ့ဘုတ်စာမျက်နှာမှတဆင့်တောင်းဆိုထားသည်။

PDF _(MDYက စီးနင်းခံရသည့်နေရာသို့ အခြားPDFတစ်ခုမှ ဝင်ရောက် တိုက်ကူပေးသည့်အခါ ပြည်သူများအနေဖြင့် ရိုက်ကူးထားသောဓါတ်ပုံ ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်သို့ မတင်ခြင်းဖြင့်ကူညီကြရန် မေတ္တာရပ်ခံထားသည်။

MDY_PDF #မန္တလေး #MPA #တိုက်ပွဲ

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: