fbpx

စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်တွေသိမ်းဆည်းခံရတဲ့ မဟာမုနိဘုရားအနီး စစ်ရေးတင်းမာနေ

By MPA

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရန်ကုန်-စစ်တွေကားလမ်းဘေးရှိသမိုင်း ဝင်မဟာမုနိဘုရားဝင်ထဲရှိစစ်ကောင်းစီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက သေနတ်အလက် ၂၀ ခန့်ကို ရက္ခိုင့်တပ်တော်(အေအေ)က ဇွန်လ ၂၆ ရက်၊မနေ့ည ၁ နာရီအချိန်ခန့်က ဝင်ရောက်သိမ်းယူသွားပြီးနောက် ဒီနေ့ နေ့လည်မှာတော့ အဲဒီအနီးအနားမှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေဖြစ်နေကြပါတယ်။

“မနေ့ကညဖက်မှာ အေအေဖက်ကလာပြီ လက်နက်တွေကို သိမ်းယူသွားတယ်လို့ သိရပါတယ်။ ခုတော့ ကျောက်တော်တပ်မဖက်က စစ်ကားတွေနဲ့စစ်သားတွေ ရောက်နေကြပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာမှာ ကိုတော့ စိုးရိမ်းပါတယ်။” ဟု ဘုရားရှိ စျေးသည်တစ်ဦးက ပြောပါတယ်။

အဆိုပါဘုရားဝင်းတွင် မြောက်ဦးအခြေ စိုက်ရဲတပ်ရင်း ၃၁ မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၁ ဦးမှာ ဒေသခံများကန့်ကွက်နေတဲ့ကြားက အတင်းဝင်ရောက် နေရာယူထားပြီး ဘုရားဖူးများအား စိတ်အနှောင်အယှက်ဖြစ်စေသဖြင့် အစိုးရတာဝန်ရှိသူများထံသို့ တိုင်ကြားခဲ့သော်လည်း ပြောင်းရွေ့နေထိုင်ခြင်းမရှိခဲ့ကြောင့် သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာ လ မှ စတင်ကာ နှစ်ဖက်အပစ်ရပ်ထားသော်လည်းနှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင့်လည်း ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်ထန်လာခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်မှ ဘုရားဝင်းများ၊စေတီတောင် ကုန်းများနှင့် ဘုန်းကြီးကျောင်း၊စာသင်ကျောင်းစတဲ့နေရာတွေမှာ ဝင်ရောက်တပ်စွဲထားခဲ့ပြီး နေရာအများစုတွင် ယခုအချိန်ထိရှိနေသေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

#AA #မဟာမုနိဘုရား #MPA #ရခိုင်

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: