By MPA
စစ်အာဏာရှင်ကိုတော်လှန်သည့် ဆန္ဒပြသူများ သတင်းကိုရယူရင်း ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရသည့် MPA( Myanmar Pressphoto Agency)၏ဓါတ်ပုံသတင်းထောက် ကိုရဲမျိုးခန့် ဇွန်လ၃၀က်နေ့တွင်ပြန်လည်လွတ်မြောက်လာခဲ့သည်။



ကိုရဲမျိုးခန့်သည်ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ နံနက် ၉နာရီ ၅၀မိနစ် အချိန်ခန့်တွင် AP သတင်းထောက် ကိုသိန်းဇော်အတူကမာရွတ်မြို့နယ် လှည်းတန်းတွင် သတင်းရယူနေစဉ် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
AP သတင်းထောက် ကိုသိန်းဇော် မတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။