By MPA
စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သိူ့ပို့ဆောင်မည့် အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို KIA နှင့် PDF(Kalay)တို့ ဇွန်လ( ၂ )ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့ကြောင်းသိရသည်။



စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းတွင် KIA တပ်မဟာ ၈ တပ်ဖွဲ့ နှင့် KLPDF တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို နံနက်ပိုင်း ၁၀ နာရီအချိန်ကစပြီး ဝင်ရောက် တိုက်ခိုက်မှုပြုခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦး အပြင် တပ်သား ၃၀ ဦးကျရှူံးခဲ့ကြောင်း ကချင်အခြေစိုက်သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများမှာအကြမ်းဖက်စစ်တပ်မှ ကောလင်းမြို့နယ်မှူး၊ ခလရ (၁၁၁)မှ အရာရှိတစ်ဦး၊ ခလရ (၁၂၀) မှ အရာရှိတစ်ဦး နှင့် တပ်သားများဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းမှ ကချင်ပြည်နယ်သို့ လက်နက်များ တင်ဆောင်လာသည့်ယာဉ်တန်းကို KIA နဲ့ PDF တို့၏ ကြားဖြတ် တိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။စစ်ပွဲအခြေအနေ ၊KIAအနေဖြင့် PDFနှင့်ပူးပေါင်းမှုအ ခြေအနေ အသေးစိပ်အတွက် MPA အနေဖြင့် KIAသို့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ထို့အပြင် စစ်တပ်ယာဉ်တန်းတစ်ခုကို ကောလင်း အလွန်တွင်KIA နဲ့ PDF တို့ကြား ဖြတ်တိုက်ခဲ့ပြီးကား ၃ စီး မီးလောင်ပျက်စီးခဲ့ပြီးနောက်စစ်တပ်မှ ကောလင်းမြို့ထဲသို့ လက်နက်ကြီးငယ်များ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိကာနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် အာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်း ရိက္ခာ၊လက်နက်များကိုလုံခြုံရေးယာဉ်တန်းဖြင့်ပို့ဆောင်မှုများတွင် တိုက်ခိုက်ခံရခြင်းများကြုံတွေ့နေရပြီး စစ်သားအများအပြားသေဆုံးမှုရှိနေခြင်းဖြစ်သည်။