fbpx

မောင်တောခရိုင်တွင် နယ်ခြားစောင့်၁၆၀ ကိုဗစ်ပိုးတွေ့ရှိ

By MPA

ရခိုင်ပြည်နယ်၊မောင်တောခရိုင်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင် စုစုပေါင်း ၁၆၀ ဦးမှာ ဇူလိုင်လ ၂ ရက်တွင် ကိုဗစ်ပိုး ထပ်တွေ့ထားကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနက သိရသည်။

“စစ်ဆေးဖို့ကျန်နေသေးတဲ့သူတွေကို စစ်ဆေးချိန် နောက်ထပ်တွေ့ရှိတာပါ။ မောင်တော၊ဘူးသီးတောင် ၂ မြို့လုံးကနယ်ခြားစောင့်တွေနဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။” ဟု မောင်တောခရိုင်ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များသည် ဇွန်လ ၂၉ ရက်နေ့တွင် မောင်တောခရိုင်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အထဲမှ အနံ့မရသည့် တပ်ဖွဲ့ဝင် ၂ ဦးကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ဖြင့် အတူပါလာသူများကို ထပ်မံစစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“သူတို့က သီးသန့်နေရာတွေမှာ ဆိုတော့ သိပ်တော့ မစိုးရိမ်ရပေမယ့် ဒေသခံတွေဆီမှာ အဲလိုအများကြီး ကူးစပ်လာမှာကိုတော့ စိုးရိမ်ပါတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မောင်တောခရိုင်တွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်အထိရှိနေပြီး အများစုမှာ မောင်တောမြို့တွင် တာဝန်ကျနေသည့် နယ်ခြားစောင့်များနှင့် ယင်းတို့၏ မိသားစုဝင်များဖြစ်သည်။

#မောင်တော#နယ်ခြားစောင့်တပ်ဖွဲ့#Covid_19 #MPA #ရခိုင်

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: