Site icon Myanmar Pressphoto Agency

မြင်းခြံမှ ကျုရှင်ဆရာလင်မယားအသတ်ခံရမှုတွင် စစ်သားများပါဝင်

Advertisements

By MPA

မြင်းခြံမြို့တွင် ပျူစောထီးအဖွဲ့၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ကျုရှင်ဆရာလင်မယားအသတ်ခံရမှုတွင် စစ်သားများပါ ပါဝသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

 

သတ်တဲ့ကိစ္စမှာ ပျူစောထီးတစ်ခုထဲမဟုတ်ဘူး ။စစ်သားတွေလည်းပါတယ်။ကျနော်တော့ ဒီလောက်ပဲပြောပြနိူင်ပါတယ်ဟု ပျူစောထီးအဖွဲ့မှ အမည်မဖော်လိုသူတာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက် (‌ချောင်းဒေါင်း)တွင်နေထိုင်သည့် ပုဂ္ဂလိကကျောင်းအထက်တန်းပြဆရာ၅၅ နှစ်အရွယ်ဦးမိုးဟိန်းနှင့် ဇနီးသည်ဒေါ်စုစုလှိုင်တို့သည်ဇူလိုင်လ၂ရက်နေ့ညပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခြင်းခံရပြီး ၎င်းတို့သေဆုံးခြင်းမှာမိမိတို့လက်ချက်ဖြစ်ကြောင်းစစ်တပ်ကျောထောက်နောက်ခံအဖွဲ့တစ်ခုဖြစ်သည့် ပျူစောထီးအဖွဲ့ကကြေညာသည်။

ပျူစောထီးအဖွဲ့ကမြင်းခြံဒေသခံ၃၈ဦးကိုအမည်ထုတ်ပြန်ခြိမ်းခြောက်ထားပြီး အဆိုပါစာရင်း၌ပါဝင်သည့်ကျောင်းဆရာဇနီးမောင်နှံသည်  ၆ရက်အကြာတွင် ထိုသို့ပစ်ခတ်ခံရခြင်းဖြစ်သည်။

 ပျူစောထီးအဖွဲ့မှာ စစ်အာဏာသိမ်းပြီး သုံးလအကြာမေလဆန်းပိုင်းတွင်စစ်တပ်ကျောထောက်နောက်ခံဖြင့် ပေါ်ပေါက်လာပြီး စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့နှင့်ဆက်စပ်နေသူများပါဝင်ပြီးပျူစောထီးအဖွဲ့ကို စစ်တပ်မှ တောတောင်များတွင် အကြမ်းဖက်စစ်သင်တန်းများပေးခဲ့ကြကာ ၎င်းတို့၏ဝတ်စုံမှာ ရေတပ်ကဲ့သို့မိုးပြာရောင်ဖြစ်ကြောင်းသိရှိရသည်။

Exit mobile version