Site icon Myanmar Pressphoto Agency

ဒီးပဲယင်းတွင် ဒလန်ကြောင့်စစ်တပ်ကဝင်စီးခဲ့ပြီး ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၅ အထိရှိလာ

Advertisements

By MPA

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီးပဲယင်းမြို့အနောက်ဘက် ရွာများကိုဇွန်လ၂ရက်နေ့တွင်ဒလန်၏သတင်းပေးမှုကြောင့်အကြမ်းဖက်စစ်တပ်ကဝင်စီးခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် ရွာသားများ ထိခိုက်ကျဆုံးများခဲ့ပြီး သေဆုံးသူ၂၅ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။ 

မနေ့ကစစ်တပ်က ရောက်လာတယ်။သူတို့နဲ့အတူ ဒလန်တယောက်လည်းပါလာတယ်။သူကအကုန်လုံးသိနေတာ့ အကျအဆုံးများခဲ့တယ်။ကျနော်တို့ဆီမှာ ရွာအတွက်သက်သက်ဖွဲ့ထားတဲ့ အဖွဲ့ရော PDFရောရှိတယ်။ဒလန်ကအကုန်သိနေတော့ နောက်ဆုံးတောထဲထိကိုလိုက်ပစ်တာဒေသခံတစ်ဦးကMPAသို့ပြောသည်။

ဇူလိုင်လ ၂ရက် နံနက်ပိုင်းက အင်အား ၁၅၀ ခန့်ရှိသောတပ်များသည် ဒီးပဲယင်းမြို့အနောက်ဘက် ကျေးရွာများသို့ စစ်ကား ၃ စီးဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ စစ်တပ်မှအင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပဲ စစ်တပ်မှ တရစပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အင်အား၁၅၀လောက်နဲ့လာတာဗျ။ပြီးတော့ဘုန်းကြီးကျောင်းကိုတပ်စွဲပြီး ပစ်ခတ်မှုတွေလုပ်ခဲ့တာ။ပြောရမယ်ဆိုရင် ဘုန်းကြီးကျောင်းကိုဓားစာခံလုပ်ခဲ့တာဟုဒေသခံကပြောသည်။လက်ရှိအချိန်ထိစစ်တပ်သည်ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည်။

မနေ့ကနံနက်ပိုင်း ၊ နေ့လယ်ပိုင်း နှင့် ညပိုင်းတို့၌  ပစ်ခတ်မှုများတွင်အကြမ်းဖက်စစ်တပ်က လက်နက်ကြီး အချက် ၆၀ ကျော်အထိ ပစ်ခတ်ခဲ့ပြီး ကျေးရွာများအတွင်းထိပါ ပစ်ခဲ့ခြင်းကြောင့်ပြည်သူများ ထိခိုက် ကျဆုံးများခဲ့ရသည်။လက်ရှိအချိန်တွင် သေဆုံးသူ၂၅ဦးရှိလာပြီးအရေအတွက်ထပ်တိုးလာနိုင်ကြောင်းသိရသည်။။  ကျဆုံးသွားခဲ့ သည့်ရွာသားများ၏သေဆုံးအလောင်းများကို ယမန်နေ့က ကောက်ယူခဲ့ရာ ၁၉ လောင်း ရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်း၌ ၆ လောင်း ထပ်ရခဲ့သည်။

ဇူလိုင်လ ၂ ရက်က ဒီးပဲယင်းမြို့အနောက်ဘက် ကျေးရွာများသို့ စစ်ကောင်စီတပ်များက အင်အားအများအပြားသုံး၍ ပစ်ခတ်ခဲ့သောကြောင့်ကျေးရွာ ၆ ရွာခန့်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။တိမ်းရှောင်ရသူများ၏နေရာကိုဒလန်က ထပ်မံ သတင်းပေးခဲ့ခြင်းကြောင့် စစ်တပ်၏ဖမ်းဆီးခံရသူများလည်းရှိနေကြောင်းသိရသည်။

 #ဒီပဲယင်းPDF #MPA #အကြမ်းဖက်စစ်တပ် #ဒီပဲယင်း

Exit mobile version