fbpx

ကိုဗစ်ကူးစက်မှု မြင့်တက်နေချိန် စစ်ကောင်စီက တနိုင်ငံလုံး၌ “အ”သုံးလုံးသင်တန်းများ ဖွင့်လှစ်ရန် စီစဥ််

By MPA

မြန်မာတနိုင်ငံလုံး၌ ကူးစက်မြန် COVID – 19 ကမ္ဘာ့ကပ်ရော ကူးစက်မှု မြင့်တက်နေချိန်တွင်  အာဏာသိမ်း စစ်ကောင်စီက စာမတတ်သူ ပပျောက်ရေးအစီအစဥ်အရသုံးလုံးသင်တန်းများ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ 

သူတို့ နစကကောင်စီအစည်းအဝေးမှာ စာမတတ်သူ ပပျောက်ဖို့၊ ပညာတတ်တွေ များဖို့ဆိုပြီးသုံးလုံး သင်တန်းတွေ ဆုံးဖြတ်ပြီးတော့ ညွှန်ကြားလာတာဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနနှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။

သုံးလုံးသင်တန်းတွေ ဖွင့်လှစ်ဖို့အတွက်ကို မေလ ၂၄ ရက်နေ့ကပြုလုပ်သည့် အာဏာသိမ်း အစစ်ကောင်စီအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၁) အရဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်သုံးလုံး သင်တန်းတွေဖွင့်ဖို့ ဧရာဝတီတိုင်း ပညာရေးဌာနကို ညွှန်ကြားလာတဲ့အတွက် တိုင်းပညာရေးမှူးရုံးက ခရိုင် ၆ ခုက ပညာရေးဌာနများကို ထပ်ဆင့်ညွှန်ကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းမှစတင်၍ မျိုးရိုဗီဇပြောင်း ကိုဗစ်ပိုး ကူးစက်မှုတဖြည်းဖြည်း မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ မြို့ပေါင်း ၂၃ မြို့ကို Stay at Home ကြေညာထားသည်။

(ဓာတ်ပုံဆရာများကို ပညာရေးဌာနက မွမ်းမံသင်တန်းပေးနေသော ပုံဟောင်း ဖြစ်ပါသည်။)

#MPA #အသုံးလုံးသင်တန်း #ပညာရေး #စစ်ကောင်စီ

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: