fbpx

ပုသိမ်မြို့ ရွှေမုဌောစေတီပေါ်တွင် အမျိုးသမီး ၁ ဦး အသက်ရှူကြပ်ပြီး လဲကျသေဆုံး

By MPA

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၏ နာမည်ကျော် ရွှေမုဌောစေတီတော် ရင်ပြင်တော်၌ ယနေ့ နံနက်ပိုင်းက အမျိုးသမီး ၁ ဦး အသက်ရှူကြပ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးမှာ ရွှေမုဌောဘုရားပေါ်ကို နံနက် ၇ နာရီဝန်းကျင်က အဖော်မပါ တစ်ယောက်ထဲ ဘုရားဖူးလာခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်တွင် ဘုရားတန်ဆောင်းတစ်ခုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့ခံများထံက သိရသည်။

အဲဒီအမျိုးသမီးက ဘုရားကို တစ်ယောက်ထဲလာတာ။ ဘယ်ဒေသကမှန်းလဲ မသိဘူး။ ဘုရားတန်ဆောင်းထဲ ထိုင်နေရင်းနဲ့ အသက်ရှူကြပ်ပြီး လဲကျသေဆုံးတာလို့ သိရတယ်ဟု ပုသိမ်မြို့ခံတစ်ဦးက MPA ကို ပြောသည်။

သေဆုံးသူအမျိုးသမီးဟာ ဘယ်သူမှန်းမသိတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ ရွှေမုဌောဘုရားဂေါပကအဖွဲ့ကို ဆက်သွယ်ဖို့ ဂေါပကအဖွဲ့က လူမှုကွန်ရက်ကတဆင့် သတင်းထုတိပြန်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်မြို့မှာ ဇွန်လဆန်းပိုင်းကစတင်၍ ကိုဗစ်ကူးစက်မှုများ တဖြည်းဖြည်းမြင့်တက်ခဲ့သဖြင့် ဇူလိုင်လ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားကြောင်း သိရသည်။

#ပုသိမ် #ရွှေမုဌောစေတီတော် #အမျိုးသမီး #အသက်ရှူကြပ်သေဆုံး #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: