fbpx

COVID-19 ကူးစက်မှု မြင့်တက်နေသဖြင့် မန္တလေးနှင့် ပြင်ဦးလွင်မြို့များသို့ ခရီးသည်များ ဝင်ရောက်ခွင့်ပိတ်ပင်

By MPA

COVID-19 ကူးစက်မှုနှင့်သေဆုံးမှုမြင့်တက်နေ၍ Stay at Home မြို့အဖြစ် သတ်မှတ်ကြေညယထားသည့် မန္တလေးခရိုင်ရှိ မြို့နယ် ၇ မြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့အား ခရီးသည်ဝင်ရောက်ခွင့် တားမြစ်လိုက်ပြီဖြစ်းကြောင်း သိရသည်။

မန္တလေးတိုင်းတစ်ခုလုံးသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းမဟုတ်ဘဲ  ကျွဲဆည်ကန်ကားဝန်းနှင့် ပြင်ဦးလွင် သီရိပဒေသာကားဝန်း တို့ကိုသာ စစ်ကောင်စီက ပိတ်ခိုင်းထားပြီး အခြားဒေသမှ ခရီးသည်များ ဝင်ရောက်ခွင့် တားမြစ်ထားကြောင်း သိရသည်။

ကျွဲဆည်ကန်ကားဝန်းကို ပိတ်တာပေါ့။ မန္တလေးကိုလာမယ့်  ခရီးသည်တင်ကားတွေ ခရီးသည်လက်မှတ် မရောင်းခိုင်းဘူး။ လူမတင်ခိုင်းဘူး။ တန်ဆာ(ကုန်ပစ္စည်း)နဲ့ ထွက်လို့။ရတယ်။ ပြင်ဦးလွင်က မန္တလေးဖြတ်ပြီးမှ တက်ရတာဆိုတော့ ဆက်တက်လို့မရဘူး။ Stay Homeလည်း ကြေငြာထားတဲ့မြို့ဆိုတော့ ပိတ်လိုက်တာဟု မန္တလေးအခြေစိုက် ကျွဲဆည်ကန်ကားဝန်းမှ ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။

ထိုသို့ မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ ခုနှင့် ပြင်ဦးလွင်မြို့တို့ကို ခရီးသည်ဝင်ခွင့် ပိတ်ပင်ထားခြင်းကြောင့် ရန်ကုန်မြို့ အောင်မင်္ဂလားအဝေးပြေးဝန်းမှ မန္တလေး၊ ပြင်ဦးလွင်ကားလိုင်းများအားလုံး လက်မှတ်ရောင်းချမှု ယနေ့ ရပ်နားပြီဖြစ်ကြောင်း သိရသည်။

အခုက မန္တလေး၊ ပြင်ဦးလွင် ခရီးသည်လက်မှတ်တွေ အရောင်းပိတ်လိုက်ပြီ။ ကျောက်ပန်းတောင်း၊ ပုဂံ တို့ကတော့ ရောင်းလို့ရတယ်။ အဲ့ဒီမြို့တွေတော့ ပိတ်တဲ့ထဲမပါသေးဘူးဟု ရန်ကုန် အောင်မဂ်လာအဝေးပြေးဝန်းမှ ခရီးသည်ယာဥ်လိုင်တစ်ခု၏ လက်မှတ်ရောင်းချသူက ပြောသည်။

ခရီးသည်ဝင်ခွင့် ပိတ်ပင်လိုက်သော မြို့များသို့တန်ဆာ(ကုန်ပစ္စည်း)များ ကားဖြင့်တင်ပို့နိုင်ပြီး ယာဥ်မောင်းနှင့် ယာဥ် နောက်လိုက်များ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသည့် လက်မှတ်ရှိပါက စစ်ဆေးခံရန်မလိုကြောင်း သိရသည်။

#COVID-19 #ခရီးသည်တင်ခွင့်ပိတ်ပင် #ပြင်ဦးလွင် #မန္တလေး #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: