fbpx

နေပြည်တော်တွင် COVID-19 ကူးစက်မှုမြင့်တက်နေသဖြင့် ဈေးနှင့်ဆိုင်ခန်းများအားလုံး​ ပိတ်သိမ်း

By MPA

နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID -19 ရောဂါပိုးကူးစက်မှုမြင့်တက်နေသဖြင့် နာ မည်ကြီးဈေးကြီးများအပါ ဈေးနှင့် အရောင်းဆိုင်ခန်းများ အားလုံးကို 

ဇူလိုင် ၅ ရက် မနက်ပိုင်းက စတင်၍ ဖွင့်လှစ်ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

ဈေးနှင့် အရောင်းဆိုင်ခန်းများအားလုံးပိတ်သိမ်းခဲ့သော်လည်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် များနှင့် မုန့်၊ အခြေခံစားကုန်စသည့်အရောင်းဆိုင်များအား ဆက်လက်ခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။

မနေ့ကစပြီး ဈေးတွေပိတ်ပြီလို့လိုက်ကြေငြာတယ်။ ကူးနေတဲ့ လူတွေကလည်း မနည်းတော့ဘူးဆိုတော့ လူစုလူဝေးမဖြစ်အောင်ပေါ့။ ဆေးရောင်းတဲ့ဆိုင်တွေနဲ့ အခြေခံ စားကုန် ခေါက်ဆွဲထုပ်တို့ ငါးခြောက်ငါးခြမ်းလေးတွေရောင်းတဲ့ဆိုင်လေးတွေတော့ ဖွင့်ခွင့်ပြုထားတယ်ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ ဝန်ထမ်းတစ်ဦးက MPA ကိုပြောသည်။

နေပြည်တော်အတွင်းရှိ လက်ဘက်ရည်ဆိုင်များနှင့် အခြားစားသောက်ဆိုင်များကိုလည်း ဇူလိုင်လ ၅ ရက်နေ့မှစ၍ ဆိုင်ထိုင်စားခွင့်မပြုဘဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားကြောင်း သိရသည်။

ယင်းသို့ လူစုလူဝေးမဖြစ်ပေါ်စေရန် ပွဲလမ်းသဘင်အခမ်းအနားများ မပြုလုပ်ရန်နှင့် ဈေးများပိတ်သိမ်းရန် ညွှန်ကြားထားသော်လည်း စာသင်ကျောင်းများ ဆက်လက်ဖွင့်ထားဆဲဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID- 19 အတည်ပြုလူနာ ၂၀၀၀ ကျော်ထိ ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀ ဦးခန့်ရှိကြောင်း နေပြည်တော်ကောင်စီရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

#နေပြည်တော် #ဈေးများပိတ်သိမ်း #COVID_19 #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: