Site icon Myanmar Pressphoto Agency

ပုသိမ်တွင် ကိုဗစ်အတည်ပြုလူနာတချို့ကို ဆေးရုံတွင် လက်မခံတော့ဘဲ အိမ်ပြန်လွှတ်နေ

Advertisements

By MPA

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကူးစက်မြန် COVID – 19 လူနာများ ထားရှိကုသရန် နေရာမလောက်တော်သဖြင့် ယနေ့မှစတင်၍ ကိုဗစ်အတည်ပြုလူနာတချို့ကို ဆေးရုံက လက်မခံတော့ဘဲ အိမ်ပြန်လွှတ်နေကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ ပုသိမ်မြို့ ကုတင် ၅ဝဝ ဆန့် ဆေးရုံကြီးမှတာဝန်ရှိသူများက အသက်ကြီးသူ၊ ရောဂါအခံရှိသူနှင့် အောက်စီဂျင်ကျနေသူများသာ ဆေးရုံတွင် ထားရှိကုသပေးပြီး ကျန်လူနာများကို အိမ်ပြန်လွှတ်နေခြင်းဖြစ်သည်။

ကိုဗစ်လူနာကများလာတော့ ထားစရာနေရာ မရှိတော့ဘူ။ အခုက အသက်ကြီးသူ၊ ရောဂါအခံရှိသူနဲ့ အောက်ဆီဂျင်ကျနေသူပဲ ဆေးရုံမှာ ထားတော့တယ်။ ပုသိမ်ဆေးရုံကြီးရော တိုင်းရင်းဆေးရုံရော ကိုဗစ်လူနာတွေ ပြည့်သွားပြီ။ အဲတော့ ပိုးတွေ့ပေမယ့် ရောဂါလက္ခဏာမပြသူ၊ကျန်းမာရေးကောင်းသူ၊ ရောဂါအခံ မရှိတဲ့သူဆို အိမ်ပြန်လွှတ်နေတာဟု ပုသိမ်မြို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက MPA ကို ပြောသည်။

ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၃၄ ဦးတွေ့ရှိခဲ့ပြီး အဆိုပါလူနာများအနက် လူနာ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#ပုသိမ် #COVID19 #လူနာတွေအိမ်ပြန်လွှတ် #MPA

Exit mobile version