fbpx

Stay at Homeတွင်အစီစဥ်တွင် COVID-19 အများဆုံးတွေ့ရှိထားသော စစ်တပ်ရုံးစိုက်သည့် ဇေယျာသီရိမပါဝင်

By MPA

နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID- 19 ရောဂါပိုးကူးစက်မှုမြင့်တက်နေသဖြင့် ဇမ္ဗူသီရိမြို့နှင့်ပျဥ်းမနားမြို့တို့ကို Stay at Home သတ်မှတ်ခဲ့သော်လည်း ၄င်းမြို့များထက် ပိုးတွေ့လူနာပိုမိုများပြားသည့် စစ်တပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့ကို ကြေငြာခြင်းမရှိကြောင်း သတင်းရရှိသည်။

ယင်းမြို့ ၂ မြို့ကို Stay at Home ကြေငြာထားသော်လည်း အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်နှင့်ချေးငွေဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးအော်ပရေတာ ဝန်ထမ်းများမပါဘဲ ဆက် လက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ညီမတို့သိတာက ဇေယျာသီရိမှာတအားဖြစ်နေတာ။ စစ်ရုံးထဲမှာအများဆုံးဖြစ်နေတယ်လို့ကြား တာ။ Stayhomeသတ်မှတ်တယ်ဆိုပေမယ့် ငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းတွေမပါဘူးလို့ သိရတယ်။ သူတို့အခွန်မရမယ်ဆိုးလို့ထင်တယ်။ဟု နေပြည်တော် အခြေစိုက် ပုဂ္ဂလိကချေးငွေလုပ် ငန်းတစ်ခု၏ ဝန်ထမ်းက MPAသို့ပြောသည်။

ဇေယျာသီရိမြို့နယ်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း အတည်ပြုလူနာ ၈၀၀နီးပါးဖြင့် အများဆုံးတွေ့ရှိထားပြီး ယခု Stay at Home ကြေငြာလိုက်သည့် ဇမ္ဗူသီရိမြို့နယ်သည် ၇၀၀ ကျော်နှင့် ဒုတိယအများဆုံးဖြစ်ကာ ပျဥ်းမနာမြို့နယ်သည် ၃၀၀နီးပါးတွေ့ရှိထားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း လူစုလူဝေးမပြုလုပ်စေရန် စျေးများအားလုံးပိတ်သိမ်း ၍ စားသောက်ဆိုင်များအားပါဆယ်စနစ်ဖြင့်သာရောင်းချခိုင်းထားပြီး ပွဲလမ်းသဘင်ပြုလုပ်ခွင့်များ ရပ်ဆိုင်းထားသည်။

ဇူလိုင်လ ၆ ရက် မနေ့က ထုတ်ပြန်ချက်အရ  St ay Home မြို့ ၅ မြို့တိုးမြှင့်သတ်မှတ်ပြီး နေ ပြည်တော် ၂ မြို့အပါအဝင် ပဲခူးတိုင်း ပဲခူးမြို့၊ ပြည်မြို့ ၊ တောင်ငူမြို့ စသည့်မြို့ကြီးများ ပါဝင်ပြီးစုစုပေါင်း Stay Home မြို့ ၃၁ မြို့ ရှိပြီ ဖြစ် ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID- 19 အတည်ပြုလူနာ ၂၀၀၀ ကျော်ထိ ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀ဦးခန့်ရှိပြီဖြစ်ကြောင်း  သိရသည်။

Photo_ MPA( ယခင်ရိုက်ကူးထားသည့်စစ်သားတစ်ဦး ကိုဗစ်အကာအကွယ်များဖြင့်လုံခြုံရေးယူနေသာပုံဖြစ်ပါသည်။)

#COVID-19 #StayatHome #စစ်ကောင်စီ

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: