fbpx

တယ်လီနောမြန်မာက ဆက်သွယ်ရေးလုပ်ငန်းအားလုံးကို ဒေါ်လာ၁၀၅သန်းဖြင့်  လက်ဘနွန် M1 Group ကုမ္ပဏီသို့ရောင်းချ

By MPA

 တယ်လီနော ဆက်သယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံမှ ၎င်း လုပ်ကိုင်နေသော ဆက်သွယ်ရေးလုပ်ငန်းများအားလုံးကို လက်ဘနွန် M1 Group ကုမ္ပဏီသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်းသိရသည်။

တယ်လီနောသည်မြန်မာလုပ်ငန်းများကိုလက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group သို့ဒေါ်လာ ၁၀၅ မီလျံဖြင့်ရောင်းချခဲ့သည်။တယ်လီနောဘက်မှဖေဖော်ဝါရီလအာဏာသိမ်းချိန် မှစ၍ အခြေအနေပိုမိုဆိုးရွားလာသည်ဟုမှတ်ချက်ပြုခဲ့သည်။ဟုရှယ်ယာရှင်တစ်ဦးက၎င်း၏တွစ်တာစာမျက်နှာတွင်ဖော်ပြထားသည်။

တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အခြေအနေပိုမိုဆိုးရွားလာခြင်းနှင့် လက်ရှိအခြေအနေများက ကုမ္ပဏီကို မြန်မာနိုင်ငံမှ ထွက်ခွာရန်ဆုံးဖြတ်ချက်၏အခြေခံဖြစ်သည်ဟု ထုတ်ပြန်သည်။ 

တယ်လီနောက မြန်မာပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းများကို ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချခြင်းဖြစ်ပြီး ယင်းတို့အနက်မှ ဒေါ်လာ ၅၅ သန်းကို ငါးနှစ်အတွင်း ပေးချေရန် သဘောတူညီထားသည်။ 

တယ်လီနော၏ မြန်မာနိုင်ငံတွင်း ရှယ်ယာ စုစုပေါင်း  တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိပြီး  M1 Group သည် တယ်လီနော၏ အစုရှယ်ယာများအားလုံးကို ဝယ်ယူကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ တယ်လီနောလုပ်ငန်းများကို ဝယ်ယူမည့် M 1 Group ကုမ္ပဏီသည် လက်ဘနွန်ကုမ္ပဏီဖြစ်ပြီး ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပေါ် လာပြီးနောက် တယ်လီနောက ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်ကာ နောက်ဆုံး ကုမ္ပဏီအစုရှယ်ယာများ ရောင်းချမည့် နည်းလမ်းကို ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း တယ်လီနောက ဆိုသည်။ 

တယ်လီနောသည်မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်တွင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးသုံးစွဲသူအရေအတွက်၁၇သန်းအထိ ရှိသော မြန်မာနိုင်ငံအတွက် အကြီးမားဆုံး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။

 M1 Group ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့် စီးပွားရေး မိတ်ဖက် ကုမ္ပဏီဖြစ်ပြီး My Tel အတွက် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးသည့် IGT (Irrawaddy Green Tower) ကုမ္ပဏီ၏ ရှယ်ယာများကို M 1 Group က အများဆုံးပိုင်ဆိုင်းထားပြီး ကုလသမဂ္ဂလွတ်လပ်သော စုံစမ်စစ်ဆေးရေးကော်မရှင် FFM နှင့် Burma Campaign UK တို့က နာမည်ပျက်စာရင်းသွင်းထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု အားပေးသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

Photo_ Telenor Myanmar

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: