fbpx

စစ်တပ်အရာရှိများ CDMဝန်ထမ်းများနှင့် ထိမ်း မြားခွင့်မပြုကြောင်း ညွှန်ကြားထား

By MPA

စစ်တပ်အရာရှိများအနေဖြင့် စစ်ကောင်စီ ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ဝန်ထမ်းများ၊ စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က ) ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများနှင့် လက် ထပ်ထိမ်းမြားခွင့်မပြုရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

စစ်တပ်အရာရှိများ အနေဖြင့် လက်ထပ်ခွင့်တင် ပြရာတွင် ယင်းကဲ့သို့ CDMနှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများနှင့် လက်ထပ်ခွင့်မပြုခြင်းဖြစ်ပြီး ယင်းကဲ့သို့ လက်ထပ်ခွင့်တင် သည့် အရာရှိအား အရေးယူခြင်းပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။

” CDMဝန်ထမ်းတွေနဲ့ လက်ထပ်ခွင့်မပြုဘူး ဆိုတာ ဟုတ်တယ်။ ကကရေး(စစ်ရေးချုပ်ရုံး) က စာထွက်ထားတယ်။ အဲ့လိုတင်လို့ အရေးတော့မယူမယ်လို့တော့ မပါဘူး ခွင့်မပြုတာဘဲရှိမယ်ဟု စစ်တပ်အရာရှိတစ်ဦးက MPAသို့ပြောသည်။

လက်ထပ်ခွင့်တင်မည့် အရာရှိအနေဖြင့်လည်း မိ မိ၏ ဇနီးလောင်းအား သေချာစိစစ်ပြီးမှ တင်ပြရမည်ဖြစ်ပြီး ၄င်းနှင့်ထိမ်းမြားမည့်သူသည် CDM ဝန်ထမ်း (သို့မဟုတ်) ဖမ်းဝရမ်းထုတ်ခံထားရသည်ကို မသိရှိဘဲ ယင်းအကြောင်းအရာများအား ဇနီးလောင်းမှ လက်ထပ်ခွင့်တွင် ထိန်ချန်၍ လိမ်လည်ရေးသွင်း တင်ပြပါက ၄င်းအရာရှိ၏ ဇနီးလောင်းအား စစ်တပ်မှတရားလိုပြုလုပ် တ ရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၄င်းက ပြောဆို သည်။

လက်ထပ်ခွင့်တင်ပြရာတွင် ပါရှိရမည့် ဇနီးလောင်း၏ ပြစ်မှုကင်းရှင်းကြောင်း ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာတို့တွင် CDMပြုလုပ်နေသူ(သို့မဟုတ်) ဖမ်းဝရမ်း ထုတ်ခံထားရသူများ မဖြစ်စေရေး သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းမှ သေချာစွာစိစစ်၍ ထောက်ခံပေးရန်နှင့် မှားယွင်းပေါ့လျော့၍ ထောက်ခံပေးပါက ၄င်းရပ်ကွက်နှင့် ရဲစခန်းများ၏ တာဝန်ရှိသူများကိုပါ အရပ်ဖက်တရားရုံးတွင် အရေးယူဆောင်ရွက်သွားမည် ဟု သိရသည်။

#စစ်တပ်အရာရှိ #CDM #လက်ထပ်ခွင့် #MPA 

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: