fbpx

COVID-19 ကြောင့် သေဆုံးသူအသစ် ၁၀၀ ကျော်ဖြင့် စံချိန်တင်သေဆုံးခဲ့ပြီး သုဿန်များ တွင် တန်းစီစောင့်ဆိုင်းနေရ

By MPA

COVID-19 တတိယလှိုင်း​ကြောင့် သေဆုံးသူ နေ့စဥ်မြင့်တက်လျက်ရှိရာမှ ဇူလိုင်လ ၁၃ ရက် ယ နေ့ည ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း သေ ဆုံးသူ ၁၀၉ ဦးဖြင့် စံချိန်တင် သေဆုံးခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

ယင်းကဲ့သို့ သေဆုံးမှုများပြားနေသဖြင့် မြောက်ဥက္ကလာ ရေဝေးသုဿန်တွင် COVID-19 ရောဂါအပါအဝင် အကြောင်းအမျိုမျိုးကြောင့် သေဆုံး ခဲ့ရ၍ သဂြိုလ်ပေးရမည့်ရုပ်အလောင်း ၂၀၃ လောင်း ရှိခဲ့ပြီး ယနေ့မနက်ပိုင်းက စတင်၍ အလှည့်ကျ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

 မြောက်ဥက္ကလာပ ရေဝေး၊ လှိုင်သာယာ ထိန်ပင်၊ ဒဂုံ ဆိပ်ကမ်းမြို့နယ် ကျည်စု သုဿန်တို့တွင် ယခင် COVID ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် COVID-19 ကြောင့် သေဆုံးရသည့် ရုပ်အ လောင်းများအား ကပ်ရောဂါ သတ်မှတ်ချက်များနှင့်အညီ မြေမြုပ်သဂြိုလ် ပေးခဲ့သော်လည်း ယခု တတိယလှိုင်းတွင် သာမာန် အတိုင်း မီးသဂြိုလ်စက်ဖြင့် သဂြိုလ်ပေးနေရကြောင်းသိရသည်။

သေဆုံးမှု မြင့်တက်နေသည့် COVID-19 တတိယလှိုင်းသည် COVIDလူနာများ လိုအပ်သည့် အော က်စီဂျင်မရရှိ၍ သေဆုံးမှုများနေခြင်း ဖြစ်ပြီး လိုအပ်သည့် အောက်စီဂျင်များရရှိနိုင်ရန် ပရဟိ တအသင်းအဖွဲ့များအနေဖြင့် မာရှယ်လောနောက် ပိုင်း မနက် ၄ နာရီမှစတင်၍ ရှာဖွေပေးနေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၃ ရက် ယနေ့ထိ COV ID-19 အတည်ပြုလူနာ ၂၀၁၂၇၄ ဦး ကူးစက်ခံ ထားရပြီး ၁၄၉၇၆၇  ဦး ပြန်လည်ကောင်းမွန်ခဲ့ရာ ယနေ့သေဆုံးသူ အသစ် ၁၀၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၀၃၆ ဦး ရှိပြီဖြစ် သည်။

#COVID19 #သေဆုံးမှုမြင့်တက် #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: