fbpx
December 3, 2021

Day: July 14, 2021

Photo_  MPA ရန်ကုန်မြို့ရှိသုဿန်တစ်ခုဖြစ်သည့်ရေဝေးသုဿန်တွင်ယခုလတ်တေလာတွင်နာရေးများစုပြုံလျက်ရှိနေပြီးရုပ်လောင်းတစ်ဦးလျှင်အချိန်အနည်းငယ်ဖြင့်သာမီးရှို့သဂြိုလ်မှုပြုလုပ်နေရသည်။ ကိုဗစ်တတိလှိုင်းစတင်သည့်အချိန်တွင်ကူးစက်သူအများအပြားရှိလာခဲ့ပြီးကောင်းစွာဆေးကုသမှုမရရှိခြင်း၊အောက်ဆီဂျင်ပြတ်လပ်ခြင်းများကြောင့်သေဆုံးသူအများအပြားရှိလာခဲ့သည်။ရန်ကုန်တွင်ရှိသည့်သုဿန်များတွင်တွင်လူရုပ်လောင်းအများအပြားကိုနေ့စဥ်သဂြိုလ်ပေးနေရခြင်းဖြစ်သည်။ “ဒီနေ့(ဇူလိုင်လ၁၄)တစ်နေ့ထဲမနက်ပိုင်းတင်ကို၈၀လောက်ရေဝေးသုဿန်မှာသဂြိုလ်ရတယ်။ကျနော်တို့အခြေစိုက်တဲ့မြို့နယ်မှာကို၁၀ဦးထက်မနည်းရှိနေတယ်။အခုသေတဲ့သူတော်တော်များများကအသက်ရှူရပ်တဲ့သူတွေဆိုတော့ချက်ချင်းသဂြိုလ်ရတာများတယ်”ဟုရန်ကုန်အခြေစိုက်လူမှုကူညီမှုအသင်းကဆိုသည်။ ရန်ကုန်မြို့တွင်ကိုဗစ်ကူးစက်လူနာအများအပြားရှိလာခဲ့ပြီးအောက်ဆီဂျင်လိုအပ်ချက်သည်လည်းတနေ့တခြားတိုးပွားလျက်ရှိကာသေဆုံးသူလည်းနေ့စဥ်အရေအတွက်များပြားလာသည်။ ရန်ကုန်အပါအဝင်နိုင်ငံအဝှမ်းကိုဗစ်ရောဂါကာကွယ်ကုသရေးပြဿနာ၊အောက်ဆီဂျင်ပြဿနာနှင့်ကုန်စျေးနှုန်းပြဿနာသာမကပြည်သူလူထုအနေဖြင့် လူတစ်ယောက်၏နောက်ဆုံးခရီးကိုပါအခက်အခဲများစွာဖြင့်ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်။ [ English Below ] Crowded Funerals...
By MPA   မန္တလေး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အစ္စလာမ်သာသနာပိုင် နယ်မြေတစ်ခုအား COVID အတွက် လိုအပ်သည့် ပရဟိတလုပ်ငန်းများ ပြု လုပ်နိုင်ရန်အတွက် ယာယီအသုံးပြုခွင့်ပေးခဲ့ ကြောင်း...
 By MPA ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အဓိက တရားခံ ဦးကြည်လင်းဘက်မှ တရားခံ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တ ရားလွှတ်တော်ရှေ့နေ...
By Kaung Mrat Naing / MPA ရခိုင်ပြည်နယ်အတွင်းရှိနယ်စပ်ကုန်သွယ်ရေးစခန်းများကိုဇူလိုင်လ၁၅ရက်နေ့မှစတင်ပြီးပိတ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိနယ်စပ်ကုန်သွယ်ရေးစခန်းများကိုဇူလိုင်လ၁၅ရက်နေ့မှ၃၁ရက်နေ့အထိရက်သတ္တပတ်နှစ်ပတ်ကျော်ကြာပိတ်ထားမည်ဖြစ်ကြောင်းစစ်တပ်ကတရားဝင်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင်စစ်တွေနှင့်မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုသာရှိပြီး အိမ်နီးချင်းဘဂ်လားဒေ့ရှ်နိုင်ငံမှပြန်လာသူများတွင်ကိုဗစ်ပိုးများတွေ့ရှိခဲ့ခြင်းကြောင့်ပိတ်သိမ်းခြင်းဖြစ်ကြောင်းသိရသည်။  ကုန်သွယ်ရေးစခန်းများသည်ကိုဗစ်ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင်လည်းပိတ်ခဲ့ရပြီးတတိယလှိုင်းမတိုင်ခင်မှသာဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။  မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ကညင်ချောင်းစီးပွားရေးဇုန်အဖြစ်ပြောင်းလဲလုပ်ကိုခဲ့ပြီးလမ်းတစ်လျှောက်လမ်းပျက်စီးမှူများကြောင့်တင်ပို့ရာမှာအချိန်ကြန့်ကြာမှုများရှိပြီးနိုင်ငံတော်ဘဏ္ဍာငွေများဆုံးရှုံးနေသည်။ လက်ရှိအချိန်တွင်တတိယလှိုင်းကာလအတွင်းရခိုင်ပြည်နယ်၌ကိုဗစ်အတည်ပြုလူနာ၁၀၀ကျော်ရှိနေပြီးသေဆုံးသူ၂၀နီးပါးရှိနေပြီဖြစ်သည်။...
 By MPA စစ်ကိုင်းတိုင်း၊  မြောင်မြို့နယ်၊ ပန်းညိုကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် ယခင် ဦးသိန်းစိန် အစိုးရလက်ထပ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးဝင်းနိုင်နှင့် ၎င်း၏...
By MPA ကယားပြည် လွိုင်ကော်မြို့နယ်အတွင်း ဇူလိုင်လ ၁၂ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကရင်နီတပ်မတော် KA/KNPP တို့တိုက်ပွဲဖြစ်ပွား ခဲ့ရာ စစ်တပ်ဘက်မှ ၁၄...
By MPA ကယားပြည်နယ်အတွင်းစစ်ရှောင်စခန်းများတွင်ဆေးဝါးများနှင့်ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများလိုအပ်နေကြောင်းသိရသည်။ “ကျွန်မတို့ဆီမှာကိုဗစ်ဖြစ်တဲ့သူတွေအောက်ဆီဂျင်ပြတ်တဲ့သူတွေတော့အခုချိန်ထိမရှိသေးပါဘူး။ရာသီတုပ်ကွေးဖြစ်တဲ့သူတွေငှက်ဖျားမိပြီးဖျားတဲ့သူတွေပဲရှိပါတယ်။အဓိကကတော့ဆေးဝါးတွေလိုအပ်ပါတယ်။ပြီးတော့ဒီမှာလူများတော့ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတွေလက်ဆေးဆပ်ပြာတွေတော့အလုံအလောက်မရှိသေးတော့ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ပြောရပါမယ်”ဟု ကယားစစ်ဘေးရှောင်စခန်းတွင်ရောက်ရှိနေသူတစ်ဦးကဆိုသည်။ ဇူလိုင်လပိုင်းတွင်စစ်ရှောင်လူဦးရေများပြားလာပြီးရာသီဥတုအပြောင်းအလဲများ၊နေထိုင်ရသည့်နေရာအခက်အခဲကြောင့်ဖျားနာမှုများရှိနေပြီးအနီးဆုံးဆေးကုသစခန်းမှာအချိန်အတော်ကြာသွားရကြောင်းသိရသည်။ “ကျွန်မတို့စစ်ရှောင်စခန်းမှာဆေးပေးခန်းတော့ရှိတယ်။ဒါပေမဲ့ဆေးအလုံအလောက်မရှိဘူး။ကျွန်မတို့နေတဲ့နေရာနဲ့ဆရာဝန်ရှိတဲ့နေရာကတော်တော်လေးတော့သွားရသေးမယ်။ဆရာဝန်ရှိတဲ့နေရာသွားတဲ့အခါမှာအခုက လမ်းပေါ်မှာစစ်သားတွေကနေရာတိုင်းရှိနေတော့မလုံခြုံရေးကတော့မပြောတတ်ပါဘူး”ဟုဆိုသည်။ လက်ရှိအချိန်တွင်ကယားပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ပွားသဖြင့်ပြည်သူတစ်သိန်းကျော်အနေဖြင့်အိုးအိမ်များစွန့်ခွါပြီးဘေးကင်းလုံခြုံရာများသို့ရှောင်းတိမ်းနေရသည်။စစ်ရှောင်များအနေဖြင့်လုံခြုံသောနေရာများတွင်မိုးကာများဖြင့်ဖြစ်သလိုနေထိုင်ရသဖြင့်ကျန်းမာရေးအတွက်အဘက်ဘက်မှစိန်ခေါ်မှုများရှိနေခြင်းဖြစ်သည်။ စစ်ဘေးရှောင်စခန်းများတွင်ဇူလိုင်လ၁၃ရက်နေ့အထိကိုဗစ်ကူးစက်ခြင်းမရှိသေးသော်လည်းလူဦးရေအများအပြားရှိသည့်အတွက်စစ်ဘေးရှောင်များအနေဖြင့်ကိုဗစ်ရောဂါအတွက်စိုးရိမ်ပူပန်မှုများရှိသည်။ကယားပြည်နယ်တွင်တစ်ပတ်အတွင်းကိုဗစ်ကူးစက်သူ၁၀၀ကျော်ရှိပြီးသေဆုံးသူတစ်ဦးရှိသည်။ #IDP #ကယား #MPA<!--...
%d bloggers like this: