fbpx

ရခိုင်တွင် ကိုဗစ်ကာကွယ်ရေး အကူအညီများ မရသေး

By – Kaung Mrat Naing / MPA

ကိုဗစ် တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးလူနာအများဆုံးတွေ့ ရှိနေခဲ့သည့် မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် အကူအညီများ မရရှိသေးကြောင်း စစ်ဘေးရှောင်စခန်းများထံမှ သိရသည်။

“ဒီတစ်ကြိမ်မှာတော့ ဒီစစ်ဘေးရှောင်စခန်းမှာ ကြိုတင်ကာကွယ်ရေးပစ္စည်းတွေ၊အသိပညာပေးမှုတွေကတော့ ခုချိန်ထိဘာမှတော့ မရသေးပါဘူး” ဟု ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီကျောင်းစစ်ဘေးရှောင်စခန်း၏ ကျောင်းထိုင် ဆရာတော်က မိန့်ကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၁၀၀၀ ခန့်ရှိလာပြီး မောင်တောခရိုင်အတွင်းတွင် ပိုးတွေ့လူနာ ၃၀၀ကျော်၊သေဆုံးသူ ငါး ဦးနှင့် အများဆုံးအဖြစ်ရှိနေပြီဖြစ်သည်။

“ဒီနေ့ထိတော့ ဘာမှလာပေးတာတွေမရှိသေးပါဘူး။အသိပညာပေးမှုတွေလာလုပ်တာတွေလည်း မရှိသေးပါဘူး။ဒီမှာတော့ တချို့က ကိုယ့်အသိစိတ်နဲ့နှာခေါင်းစည်းတပ်နေကြတာတွေတော့ရှိပါတယ်။” ဟု ရန်အောင်မြေကျောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် ( အေအေ) နှင့်  စစ်ကောင်စီတို့ကြားတိုက်ပွဲ များရပ်တန့်နေသော်လည်း စစ်ဘေးရှောင် နှစ်သိန်းနီးပါးမှာ နေရပ်မပြန်နိုင်သေးကြကာ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှာ စစ်ဘေးရှောင် ၉၀၀၀ နီးပါး ခိုလှုံနေရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: