fbpx

နှစ်ရက်အတွင်းအကြမ်းဖက်စစ်သား၁၄ဦးခန့်ကို မြိုင်PDFနှင့်ပူးပေါင်းအဖွဲ့များကသုတ်သင်နိုင်ခဲ့

By MPA

မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်တွင် ဖွဲ့စည်းထားသည့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့(မြိုင်)သည် နှစ်ရက်အတွင်းအကြမ်းဖက်စစ်သား၁၄ဦးခန့်ကိုသုတ်သင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

ဇူလိုင်လ၁၈ရက်တွင်တိုက်ပွဲ(၂) ကြိမ် ဇူလိုင်လ၁၉ရက်နေ့တွင်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မြိုင်PDFအပြင်ပုလဲ ယင်းမာပင်PDFများမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ရက်တိုက်ပွဲတွင်စစ်တပ်မှစုစုပေါင်း၁၄ဦးခန့်ကျရှုံးခဲ့ပြီး ပုလဲPDFမှတစ်ဦးအသက်ပေးခဲ့ရကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအပေါ်အကြမ်းဖက်နေသည့် စစ်တပ်ရန်မှကာကွယ်ရန်အတွက် ရပ်ရွာကာကွယ်ရေးအဖွဲ့များဖွဲ့စည်းကာရရာလက်နက်စွဲကိုင်ပြီးဆန့်ကျင်တော်လှန်နေကြခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းပြည်သူလူထုအပေါ်အခြေခံ၍ဖွဲ့စည်းထားသောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်ပျောက်ကျားတိုက်ပွဲများကိုအဆက်မပြတ်ဆင်နွှဲလျက်ရှိနေပြီးအကြမ်းဖက်စစ်တပ်ဘက်မှအထိအခိုက်အကျအရှုံးများပြားလျက်ရှိသည်။

#MyaingPDF  #စကစကျရှုံး #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: