fbpx

ရွှေညဝါဆရာတော် ကိုဗစ်စစ်ဆေးခဲ့ရာ ကူးစက်ခံရခြင်းမရှိသော်လည်း ICU တွင် ကုသမှုခံယူနေရ

[ English Below ]
By MPA 
ရန်ကုန်မြို့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ICU တွင် ဆေးကုသမှုခံယူနေသော ရွှေညဝါဆရာတော်သည် ယနေ့ စစ်ဆေးချက်အရ COVID-19 Negative မတွေ့ရှိကြောင်း အဖြေထွက်ရှိသည်ဟု အကျဉ်းဦးစီးဌာနမှ အတည်ပြုပြောဆိုခဲ့သည်။
ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်အတွင်း ချုပ်နှောင်ထားသော ရွှေညဝါ ဆရာတော်သည် ဇူလိုင်လ ၂၂ ရက်နေ့က အောက်စီဂျင် ကျလာသဖြင့် ရန်ကုန်မြို့ဆေးရုံကြီးသို့ တင်ပို့ဆေးကုသခံယူနေကြောင်း ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာနမှ အရာရှိတဦးက ဆိုသည်။
“ဆရာတော်က အောက်ဆီဂျင်ကျလာလို့ ရန်ကုန်ဆေးရုံမှာ တက်ရောက်ကုသ ခံယူတာပါ။ သူ့အဖြေက ကိုဗစ်မတွေ့ရှိပါ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ အင်းစိန်သီးသန့်ထောင်အတွင်း ဒေါက်တာ မောင်မောင်ဦးတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသော်လည်း လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။
၄င်းမှတဆင့် NLD ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း ကူးစက်ခံရပြီး ဇူ လိုင်လ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း သီးသန့်ဆောင်အပါအဝင် အကျဉ်းထောင်တခုလုံး အချုပ်သား/အကျဉ်သား ၅၀ ခန့်ကူးစက်ခံထားရကြောင်း သိရသည်။

Funeral Helpers in COVID-19 Third Wave 

Photo – MPA 

Due to poor management of the terrorist SAC, deaths from COVID-19 have been increasing in the third wave. These are the scenes from Kyar Ni Kan Islamic cemetery funeral helpers in Mandalay. 

About 100 are being buried each day at the Kyar Ni Kan cemetery. The terrorist military has been unjustly arresting health volunteers who joined CDM and volunteers who are working for charity organizations. 

There has been poor management in quarantine centers and so many lives are being lost every day due to oxygen failing as a consequence. 

In addition, dead bodies have to be crammed and buried altogether as the funeral helpers could not keep up with cremation and burials.        

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: