fbpx

မန္တလေး မြတောင် ဆန္ဒပြစစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းပြီး ကျည်ထိမှန်သူများကို ဖမ်းဆီးသွား

By – MPA
မန္တလေးမြို့တွင် ယနေ့ ပြုလုပ်ခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေး မြတောင်သပိတ်စစ်ကြောင်းကို စစ်တပ်မှ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ကျည်ဆန် ထိမှန်ခဲ့သူများကို ဖမ်းဆီးသွားကြောင်း သိရသည်။
“နေ့လည်က ၁၂ နာရီခွဲမှာ ဘုရားကြီးရှေ့မှာ ပြုလုပ်ခဲ့တဲ့ မြတောင်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရတယ်။မိန်းကလေး ၂ ယောက်၊ ယောကျ်ားလေး တယောက် ကျည်ထိတယ်။ ယောကျ်ားလေးကတော့ ခေါင်းထိတာဆိုတော့ စိုးရိမ်ရတယ်။ ပြီးတော့ ကျည်ထိတဲ့သူ​ တွေ အပါအဝင် ၅ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်” ဟု မြတောင်သပိတ်စစ်ကြောင်းနှင့် နီးစပ်သူ တဦးက MPA သို့ပြောသည်။
မြတောင် သပိတ်စစ်ကြောင်းသည် မန္တလေးတွင်အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အချိန်ထိ အားကောင်းမောင်းသန် ဆန္ဒထုတ်ဖော်လျက်ရှိသော မန္တလေးအမာခံ သပိတ်စစ်ကြောင်းတခု ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ထုတ်ပြန်သော စာရင်းများအရ မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးချိန်မှ စတင်၍ မတရားဖမ်းဆီးခြင်း ခံရသူ ၅၃၇၀ ဦးရှိနေပြီး သေဆုံးသူ ၉၃၄ ဦးရှိပြီ ဖြစ်သည်။
ဓာတ်ပုံ -CJ

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: