fbpx

ကနီ၊ ယင်းမာပင် နယ်မြေတွင် တိုက်ပွဲများပြင်းထန်ပြီး MPDF ၅ ဦးကျဆုံး

By MPA
ကနီ၊ ယင်းမာပင် နယ်မြေတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) တို့သည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ဇူလိုင် (၂၇) ရက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အဓိက အားကိုး၍ ပစ်ခတ်ခဲ့ရာတွင် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) မှ ရဲဘော် (၅) ဦး ကျဆုံးပြီး၊ (၂) ဦး ထိခိုက်ဒဏ်ရာရရှိကာ ပျောက်ဆုံး ရဲဘော် (၂) ဦးကို ဆက်လက်ရှာဖွေလျှက်ရှိပါသည်ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ဘေးရှောင် အရပ်သား ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေထိုင်ရာ တောတောင်များ ၊ ယာခင်းတောတဲများ အထိ လိုက်လံပစ်ခတ်ရှာဖွေခဲ့ကာ အရပ်သားပြည်သူတစ်ချို့ကို လူသားဒိုင်းပြုလုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများကဆိုသည်။
ကနီ၊ ယင်းမာပင် နယ်မြေတ​ကြောတွင် အကြမ်းဖက်စစ်တပ်က စစ်​ကြောင်း (၃) ​ကြောင်း ခွဲကာ နယ်​မြေရှင်းလင်း​ပြုလုပ်လျှက်ရှိပြီး ပြည်သူများနေထိုင်သည့်ကျေးရွာများကိုလက်နက်ကြီးများပစ်ခတ်သဖြင့် ဒေသခံ ပြည်သူ ၇,၀၀၀ ခန့် စစ်​ဘေး​ရှောင်​နေရ ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။​
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီ၊ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများ၊ အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော ရဲဘော်များနှင့် စုစည်း၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
Photo – သင်္ဂတုံချောင်းရိုးသတင်းစဉ်-ကနီနယ်
( ကနီ၊ ယင်းမာပင် နယ်တ​ကြောတွင် အကြမ်းဖက်စစ်တပ်က စစ်​ကြောင်း (၃) ​ကြောင်း ခွဲကာ နယ်​မြေရှင်းလင်း​ပြုလုပ် )

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: