fbpx

မတ္တရာမြို့ NLD ပါတီရုံး ညမထွက်ရအချိန်တွင် မီးလောင်သော်လည်း မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ခွင့်မရ

By MPA
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီရုံးအတွင်း ဇူလိုင်လ ၃၀ ရက် ည ၁၂ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ည ၁၂ အချိန်ခန့်တွင် NLD ပါတီရုံးအတွင်း ရှို့မီးဟုယူဆရသည့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်း မီးသတ်တပ်ဖွဲ့မှာ ညမထွက်ရအချိန်ဖြစ်နေ၍ ငြှိမ်းသတ်ခွင့်မရဘဲ NLD ပါတီရုံးအတွင်းရှိ စာရွက်စာတမ်းများနှင့် ပါတီတံဆိပ်ပါ ပစ္စည်းများမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“မီးလောင်တာက အဆောက်အဦး မလောင်ဘဲ ရုံးထဲက စာရွက်စာတမ်းနဲ့ ပါတီတံဆိပ်ပါအလံတွေ ပစ္စည်းတွေပဲ မီးလောင်သွားတယ်။ မီးကတော့ တမင်ရှို့တာဆိုတာ သေချာတယ်။ မီးသတ်တပ်ဖွဲ့ကလည်း လာမငြှိမ်းဘူး”ဟု မတ္တရာမြို့နယ် ဒေသခံတစ်ဦးက MPA ကို ပြောသည်။
NLD ပါတီရုံး မီးလောင်မှုနှင့်ပတ်သတ်၍ မတ္တရာမြို့ခံများက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များ၏လက်ချက်ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။
“အရင်ကတည်းက ပျူစောထီး အဖွဲ့တွေက NLD ပါတီနဲ့ ပါတီထောက်ခံသူတွေကို အပြတ်ရှင်းမယ်လို့ သတင်းလွှင့်နေတာကြာပြီ။ NLD ရုံးမီးလောင်တာမှာ အဆောက်အဦးမလောင်ဘဲ အထဲက စာရွက်စာတမ်းနဲ့ပါတီအလံတွေ၊ ပစ္စည်းတွေပဲ မီးလောင်တယ်ဆိုတော့ ဒါက ပျုစောထီးအဖွဲ့တွေလက်ချက်ဆိုတာ ကျိန်းသေပါတယ်”ဟု မတ္တရာမြို့ခံက ပြောသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: