fbpx

မြန်မာမူဆလင်အသင်းက စရိတ်သက်သာစွာဖြင့်ရောင်းချပေးမည့် ပစ္စည်းအစုံပါအောက်ဆီဂျင်အိုးများ ပထမအသုတ်ရောက်ရှိ

Photo – MPA 

မြန်မာနိုင်ငံတွင်ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်မှစပြီး အောက်ဆီဂျင်လိုအပ်များပြားလာသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်သာရေးအဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီက ဦးဆောင်မှာယူပြီးရောင်းချပေးမည့် အောက်ဆီဂျင်အိုးများသြဂတ်လ၁ရက်နေ့တွင်ရောက်ရှိလာပြီဖြစ်ကြောင်းသိရှိရသည်။

အိုးတွေကတော့အသုတ်တွေခွဲပြီးရောက်တာပေါ့။ စုစုပေါင်း၃၄၀၀သွင်းဖို့လျာထားတာ။ ၄၀လီတာအိုးကနှစ်သိန်း၊။၁၅လီတာအိုးကတော့ ၁၄၀၀၀၀ပေါ့။အဲ့တာကပစ္စည်းအစုံအလင်ပေါ့။၃၀၀၀ကိုတော့ရောင်းပါမယ်၄၀၀ကိုတော့လှူဒါန်းတာတွေလုပ်ပါမယ်။အခုကကားနဲ့သယ်လာတာအလုံး၇၀၀ကျော်ပါဟု မြန်မာမူဆလင်အသင်းအတွင်းရေးမှူးဦးတင်မောင်သန်းက MPA သို့ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်သာရေးအဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီ အနေဖြင့်ကိုဗစ်တတတိယလှိုင်းမှစတင်ပြီးသက်ဆိုင်ရာဗလီများနှင့်အသင်းပိုင်နေရာများတွင် အောက်ဆီဂျင်ပေးဝေလှူဒါန်းမှုများပြုလုပ်နေကြောင်းသိရသည်။

This slideshow requires JavaScript.

ယခုအောက်ဆီဂျင်များရောင်းချပေးသည့်အစီစဉ်အတွက် အွန်လိုင်းမှလျှောက်လွှာများခေါ်ယူခဲ့ပြီးလာရောက်လျှောက်ထားသူများပြားပြီးဝယ်ယူလိုသည့်အိုးအလုံးရေတစ်သောင်းကျော်ရှိသည်ဟုသိရသည်။

လူတစ်ဦးချင်းအနေဖြင့် တစ်လုံးသာရောင်းချပေးမည်ဖြစ်ပြီးပရဟိတအသင်းများနှင့်ဘာသာရေးဆိုင်ရာကူညီရေးအသင်းများကို နှစ်လုံးနှုန်းရောင်းချသွားမည်ဖြစ်သည်။ဘာသာရေးဆိုင်ရာဆေးရုံများကိုငါးလုံးစီနှင့်ရန်ကုန်ပြည်သူ့ဆေးရုံးကြီးကို၁၀လုံးလှူဒါန်းသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင်အိုး၇၀၀ကျော်ရောက်ရှိလာပြီဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးတွက် ပစ္စည်းများချပြီး‌ဖြစ်သည်။ မန္တလေးတွင်အောက်ဆီဂျင်အိုးများရောက်ရှိလာပုံကိုအောက်တွင်ဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်ကိုဗစ်ရောဂါကူးစက်များပြားလာသည့်အချိန်မှစ၍အောက်ဆီဂျင်လိုအပ်ချက်ရှိလာမှုနှင့်အတူ အောက်ဆီဂျင်အိုးနှင့်ဆက်စပ်ပစ္စည်းများကိုစျေးတင်ရောင်းချခြင်း၊ပစ္စည်းပြတ်လပ်ခြင်းများကြုံတွေ့ရလျက်ရှိနေခြင်းဖြစ်သည်။

ဆက်သွယ်ဝယ်ယူရမည့်ပုံစံမှာ Myanmar Muslim Aid ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရောင်းချမည့်ပုံစံများကိုဖော်ပြထားသည်ကိုတွေ့ရသည်။

https://www.facebook.com/myanmarmuslimaid

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: