Site icon Myanmar Pressphoto Agency

ရဲရေးချုပ် ဇနီး ကိုဗစ်နှင့် သေဆုံးပြီးနောက် ရဲချုပ်အပါ အဆင့်မြင့် ရဲအရာရှိများလည်း ကိုဗစ်ကူးနေ

Advertisements

By MPA

စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဌာန ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်း၏ ဇနီး ဒေါ်မေသန်းနွဲ့သည် ကိုဗစ်ရောဂါ ကူးစက်ကာ သေဆုံးသွားပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင် ကိုယ်တိုင် ကိုဗစ်ရောဂါပိုး ကူးစက် ခံနေရကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်း ထံမှ ကြားသိရသည်။

ကျွန် တော်တို့ တပ်ဖွဲ့ဝင်တွေ ကြားထဲ အဲ့လိုတွေပြောနေတာပဲ။ ဒါပေမဲ့ အတိအကျက သတင်းကို အတည်ပြုမရသေးဘူး။ ရဲချုပ်ဆီကိုက ရဲရေးချုပ်တို့က တိုက်ရိုက် အစီရင်ခံ ဆက်ဆံရတာဆိုတော့ ဖြစ်နိုင်ခြေ များတယ်ဟု ရဲမှူးကြီး တစ်ဦးက ပြောသည်။

သို့သော် ဇူလိုင် ၃၁ ရက်နေ့တွင် ခရိုင်အဆင့် ရဲမှူးကြီးများကို ရဲချုပ် သန်းလှိုင်က အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ဖွယ်ရာများကို တွေ့ဆုံ တာဝန်ပေးခဲ့သေးသည်ဟု မွန်ပြည်နယ်ရှိ ခရိုင်ရဲမှူးကြီး တစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ဌာနချုပ်အတွင်း ရဲဦးစီးချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်များသည် ရဲချုပ်ထံ တိုက် ရိုက်အစီရင်ခံရပြီး ထိတွေ့မှုရှိကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဌာနချုပ်အတွင်းရှိ ဌာနများအားလုံး ကိုဗစ်ရောဂါပိုးတွေ့ရှိထားပြီး ဌာနအားလုံးတွင် ရုံး စောင့်တစ်ဦးစီသာ တာဝန်ချထားကြောင်း သိရသည်။

ရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ကိုဗစ်ကူးစက် ခံထားရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ရေး ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

၄င်း ရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ၏ ညီအ ရင်းဖြစ်သူ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုစိုးမိုးလှိုင် ခေါ် ကိုမဲကြီးသည် ပြီးခဲ့သည့် မေလအတွင်း စစ်တပ်၏ ဖမ်းဆီးနှိပ်စက်မှုများ ကြောင့်သေဆုံးခဲ့ရကြောင်း သိရသည်။

#ပြည်ထဲရေး #ဒုဝန်ကြီး #ရဲချုပ် #ကိုဗစ်ကူးစက် #COVID19 #MPA

Exit mobile version