fbpx

နေပြည်တော်လေကြောင်းရန်စနစ် လုံခြုံရေးအတွက် နိုင်ငံခြားသားများဖြင့် လေကာစနစ်ရေဒါများ စမ်းသပ်မှုများပြုလုပ်နေ

By MPA
နေပြည်တော်နှင့်အနီးတဝိုက် လေကြောင်းရန်ကာကွယ်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ရေဒါများဖြင့် စမ်းသပ်မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
၎င်းစက်များသည် ဒုန်းရော့ကတ်များနှင့် ယှဥ်တွဲအသုံးပြုသော ရေဒါများဖြစ်ကြောင်း သိရသည်။
” ဒီစက်တွေက ပြင်ပလေကြောင်းကဝင်လာမယ့် ဂျက်ဖိုက်တာတို့၊ မောင်းသူမဲ့ဒရုန်းတို့ကို ထောက်လှမ်းတဲ့စက်တွေ။ သူတို့ထိုင်ထားတဲ့ ဘေးပတ်ချာလည် အပေါ်ကို မိုင် ၅၀နီးပါးထိ ထောက်လှမ်းနိုင်တယ်။ သူ့ချည်းပဲတော့ပစ်ခတ်လို့ မရဘူး။ ပစ်တဲ့ယာဥ်နဲ့ချိတ်ပြီးမှ ပစ်မှတ်ကိုထောက်လှမ်းပေးတဲ့ စက်မျိုးပေါ့။” ဟု မြန်မာစစ်တပ် စစ်အင်ဂျင်နီယာအရာရှိတဦးက MPA သို့ပြောသည်။
သြဂုတ်လဆန်းပိုင်းမှစတင်၍ နေပြည်တော်အနီးဝန်းကျင် အမြန်လမ်းမကြီးတစ်လျှောက် ရေဒါများတပ်ဆင်ထားသော ယန္တရားများဖြင့် နိုင်ငံခြားသားများပါဝင်သောအဖွဲ့မှ စမ်းသပ်မှုများ ပြုလုပ်နေကြောင်းသိရသည်။
ယင်းရေဒါစနစ်ယန္တရားများမှာ ရုရှားနိုင်ငံနည်းပညာထုတ် ယန္တရားများဖြစ်ပြီး လေကြောင်းမှ ဝင်ရောက်လာမည့် တိုက်လေယာဥ်၊ ဒရုန်းယာဥ်များအား ထောက်လှမ်းနိုင်သည့်အပြင် တန်ပြန်ပစ်ခတ်နိုင်သည့်နည်းစနစ်ပါဝင်ကြောင်း သိရသည်။
ယင်းရေဒါစနစ်တင်ယာဥ်များမှာ ရုရှားနိုင်ငံမှ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် စတင်ထုတ်လုပ်ခဲ့သည့် ယန္တရားများဖြစ်ပြီး ယခုနှစ် မြန်မာစစ်တပ် တပ်မတော်နေ့စစ်​ရေးပြ အခမ်းအနား၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ယာဥ်တန်းစစ်ကြောင်းများတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ယခုလအတွင်း ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်အသုံးပြုသည့်ပစ္စည်းများ ထပ်မံ ရောက်ရှိမည်ဟု MPAမှ သိရှိထားသော်လည်း ယခု စမ်းသပ်သောပစ္စည်းများအနေဖြင့် ထပ်မံရောက်ရှိလာမည့် ပစ္စည်းများ ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: