Site icon Myanmar Pressphoto Agency

အကြမ်းဖက်စစ်တပ်လက်အောက်ရှိ ဆေးရုံ၊ကိုဗစ်စင်တာအသီးသီးတွင်ဆရာဝန်နှင့်Volunteerအင်အား မပြည့်မစုံဖြစ်နေ

Advertisements
By MPA
စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်၏ထိန်းချုပ်မှုလက်အောက်တွင်ရောက်ရှိနေခဲ့ရသော ကိုဗစ်စင်တာများအပါအဝင်ဆေးရုံများအတွက် ကန်ထရိုက်စနစ်ဖြင့်ငှါးရမ်းဆောင်ရွက်မည်ဟုအကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ကကြွေးကြော်ထားသော်လည်း မြေပြင်တွင် လူနာများကိုကုသပေးရန်ဆရာဝန်များနှင့် ဝန်ဆောင်မှုများပေးရန်volunteerအင်အားများမပြည့်မစုံဖြစ်နေကြောင်းသိရသည်။
“အဓိကကတော့ဆရာဝန်အင်အားရော Volunteerရောလိုအပ်နေတာပါ။အဲ့တာကြောင့် တချို့ဆေးရုံတွေမှာဆိုရင်ဌာနတစ်ခုကို ဆရာဝန်နှစ်ယောက်သုံးယောက်နဲ့ လည်ပတ်နေရတာမျိုးရှိတယ်” ဟုပြည်သူ့ဆေးရုံတစ်ခုတွင်တာဝန်ထမ်းဆောင်နေသူ ဆရာဝန်တစ်ဦးကMPAသို့ပြောသည်။
လက်ရှိအချိန်တွင် ပြည်သူ့ဆေးရုံများသို့ကိုဗစ်ရောဂါဖြစ်ပွားခြင်းများ၊အောက်ဆီဂျင်ကျဆင်းခြင်းများကြောင့် လာရောက်သူများပြားလာသော်လည်း အကန့်အသတ်များကြောင့် ပြန်လွှတ်ရသည့်လူနာအများအပြားရှိကြောင်းသိရသည်။ ပြည်သူလူထုအနေဖြင့် နောက်ဆုံးတွင် တပ်မတော်ဆေးရုံများသို့ဆေးကုသရန်သွားရောက်ခဲ့ခြင်းများရှိသော်လည်းတပ်မတော်ဆေးရုံများက လက်ခံကုသခြင်းမရှိပေ။
“တပ်ဆေးရုံတွေက အပြင်လူတွေလက်မခံတာ ယေဘုယျအားဖြင့်လက်ခံစရာရှိပါတယ်။အဆိုးဆုံးက တပ်မိသားစုတွေတောင်လူတိုင်းတက်ခွင့်ရမနေဘူး။ရာထူးကြီးငယ်အလိုက် ကွာခြားမှုတွေတော့ရှိနိုင်တာပေါ့လေ။”တပ်မတော်စစ်ဆေးရုံနှင့်နီးစပ်သူတစ်ဦးကMPAသို့ပြောသည်။
အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ကကိုဗစ်ရောဂါကုသရေးအတွက် ဆရာဝန်များနှင့်Volunteerများကို ကန်ထရိုက်စနစ်ဖြင့်ငှါးရမ်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လအတွင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအခြေအနေနှင့်ပတ်သက်ပြီး စစ်တပ်ကျန်းမာရေးးဌာန၏တာဝန်ရှိသူဖြစ်သူ ဒေါက်တာခင်ခင်ကြီးထံသို့ဆက်သွယ်ခဲ့သော်လည်းပြန်လည်ဖြေကြားခဲ့ခြင်းမရှိချေ။ ဒေါက်တာခင်ခင်ကြီးကကျန်းမာရေးဝန်ထမ်း၆၀ရာခိုင်နှုန်းဖြင့်လည်ပတ်နေရကြောင်းဇူလိုင်လလဆန်းပိုင်းက MPAသို့ဖြေကြားထားသည်။
ရန်ကုန်မြို့ရှိ ကိုဗစ်စင်တာတစ်ခုတွင်တာဝန်ယူထားသည့်တာဝန်ရှိသူတစ်ဦးက “ကန်ထရိုက်နဲ့ခေါ်တာတွေဘာတွေတော့အစ်မတို့ မသိဘူး။ရှိတဲ့သူတွေက သွေးလည်းမဖောက်တတ် ဘာမှမလုပ်တတ်တဲ့သူတွေဆိုတော့အဆင်မပြေဘူး။Oxygenစက်လည်းမလုပ်တတ်ဘူးဆိုတာတွေလည်းရှိတယ်။နောက်ဆုံးမှာ Onlineကခေါ်တာမျိုးတွေလုပ်ရတယ်။”ဟုဆိုသည်။
ကိုဗစ်ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင် ဆရာဝန်များ လူငယ်များကကိုဗစ်ကာကွယ်ရေးအတွက် တက်ကြွစွာပါဝင်ခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးချိန်တွင် အများစုမှာကျန်းမာရေးအဆောက်အအုံများမှ ထွက်ခွါပြီးသပိတ်မှောက်ခဲ့ကြသည်။
“ကျွန်​တော်တို့ဘာလို့မလုပ်ကြတော့တာလဲဆိုတော့ စစ်အာဏာရှင်ကိုမကြိုက်လို့မလုပ်ကြတာပါ။ကျွန်​တော်တို့အရင်လုပ်ခဲ့တဲ့စင်တာတွေအခုပြန်ဖွင့်နေတယ်။အဲ့စင်တာတွေက စစ်ကောင်စီရဲ့ထိန်းချုပ်အောက်မှာရှိနေလို့စစ်ကောင်စီကိုမထောက်ခံတဲ့အတွက် မလုပ်ဖြစ်တာပါ။ တစ်ခုရှိတာ စစ်တပ်ရဲ့လက်အောက်ခံမဟုတ်ဘဲနဲ့အခြားပရဟိတအဖွဲ့တွေအနေနဲ့ စင်တာတွေပြန်ဖွင့်တာမျိုးတွေရှိတာတော့ကျွန်​တော်သိတယ်ဗျ။ လုပ်တဲ့သူအများစုကအဲ့လိုစင်တာတွေပဲသွားကြတယ်လို့သိရပါဝယ်”စစ်အာဏာမသိမ်းမီက ကိုဗစ်စင်တာများတွင် Volunteerပြုလုပ်ခဲ့သူတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင်စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ၃၁၉၂၅၀ရှိပြီးသေဆုံးသူ၁၀၉၈၀ကျော်ရှိပြီဖြစ်ကြောင်းကြေညာထားသော်လည်းအောက်ခြေတွင်သေဆုံးမှုနှင့်ကူးစက်ခံရမှုအများအပြားရှိသည်။
သေဆုံးသူအများစုမှကောင်းမွန်သောဆေးကုသမှုမရရှိခြင်းအောက်ဆီဂျင်လုံလောက်မှုမရှိခြင်းများကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်။
Exit mobile version