fbpx

မတ္တရာမြို့အတွင်း လက်ပစ်ဗုံး၊ သေနတ်များနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း အကြမ်းဖက် စစ်ကောင်စီ ထုတ်ပြန်

[ English Below ]
By MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပန်းယျကျေးရွာ အနီးတွင်လက်ပစ်ဗုံးများ၊ သေနတ်များနှင့် ဆက်စပ်ကစ္စည်းများ သြဂုတ် ၈ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီ က ထုတ်ပြန်လိုက်သည်။
မန္တလေးမြို့ဘက်သို့မောင်းနှင်လာသည့် ထော်လာဂျီ တစီးပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မိုးကာဖြင့်ပတ်၍ သယ်ဆောင်လာသော အီနာဂါဗုံးသီး ၈၅ လုံး၊ လက်ပစ်ဗုံး ၈၀လုံး၊ K-22 သေနတ် ၆၅လက် ၊ ကျည်ဆံ ၁၁၀၀၀ တောင့်၊ ကျည်အိမ် ၁၁၀ခု ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
၄င်းထော်လာဂျီမောင်းနှင်လာသူများ၏ ထွက်ဆို ချက်များအရ လူ ၇ ဦးက ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်းနှင့် ၄င်းတို့သည် မန္တလေးတိုင်းလွှတ်တော်အမတ်ဟောင်း တဦး နှင့် ပတ်သက်မှုရှိနေကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်များထဲမှ အချို့သော ပစ္စည်းများသည် KIA တပ် ဖွဲ့ထုတ်လက်နက်များ ပါဝင်နေကြောင်း စစ်လက် နက်ကျွမ်းကျင်စောင့်ကြည့်သူများ၏ သုံးသပ်ချက်အရ သိရသည်။
အဆိုပါ သတင်းပေါက်ကြားမှု့တွင် စစ်ကောင်စီက လက်သက်လျှို ထည့်ထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – PDF မှ ပါဝင်သူတဦး၏ သတင်းပေးမှု့ကြောင့်ဟု စစ်တပ်နှင့် နီးစပ်သော အသိုင်းအဝိုင်းများကြားတွင် ပြောဆိုဝေဖန်နေသော်လည်း PDF အဖွဲ့ဝင်တချို့ထံ ဆက်သွယ်ရာ အတည်ပြုချက်မရခဲ့ပေ။
[ English Version ]
SAC Reports to have Seized Hand Grenades, Guns and Accessories in Madaya Town
 By MPA
The SAC reported that they have seized hand grenades, guns and related items near Pan Ya village in Madaya township of Mandalay region on the morning of August 8.
On a tractor wrapped with tarpaulin driving to Mandalay, 85 Inaga grenades, 80 hand grenades, 65 K-22 guns, 11,000 bullets and 110 bullet cases were seized.
According to those who carried the weapons, they were hired to transport them by seven persons who had association with a former Mandalay MP.
Some of those explosive weapons have been inspected to be products of the KIA, according to military weaponry experts.
The leakage of the news have been criticized by the military community to be because of a spy of the SAC among the PDF itself, but it could not be confirmed by the PDF when contacted.

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: