Site icon Myanmar Pressphoto Agency

တရုတ်နယ်နိမိတ်အတွင်း လက်နက်ကြီးကျည် ကျရောက်မှု တရုတ်သတိပေးချက်အပေါ် မြန်မာ စစ်တပ်ပြန်လည်ဖြေရှင်း

Advertisements
By MPA
ရှမ်းပြည်နယ် ကြူကုတ်(ပန်ဆိုင်း)ဒေသ အနီး သြဂုတ်လ ၄ ရက်နေ့က ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (MNDAA)နှင့် မြန်မာ စစ် တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ ဝမ်တိမ်မြို့သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တရုတ်မှ သတိပေးစာပေးပို့တား မြစ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ကျရောက်ခဲ့ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်စာချုပ်ကိုချိုးဖောက် ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသလုံခြုံရေးကိုများစွာ ခြိမ်းခြောက်နေ၍ တရုတ်စစ်သံမှူးမှ တရုတ်နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်အား သတိပေးပြောကြား ခဲ့ပြီး တိုက်ပွဲများရပ်တန့်ရန်နှင့် ယခုကဲ့သို့ဖြစ်စဥ်များထပ်မံပေါ်ပေါက်လာပါက တရုတ်ဘက်မှ ပြန်လည်တုံ့ပြန်ဆောင်ရွက်သွားမည် အသိပေး ကြောင်း ရေးသားဖော်ပြထားသည်။
မြန်မာစစ်တပ်အနေဖြင့် ၄င်းကျည်ကျရောက်မှု သည် ၄င်းတို့ကြောင့်မဟုတ်ဘဲ MNDAAဘက်မှ ပစ်ခတ်မှုကြောင့်ကျရောက်ခဲ့ခြင်းဖြစ်ပြီး ယင်း အတွက်များစွာစိတ်မကောင်းဖြစ်ရကြောင်း ကွတ်ခိုင်မြို့ စစ်ဗျူဟာ(အခြေချ) အဖွဲ့ ဗျူဟာမှူးမှအကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်ရေးလုပ်ငန်းများအား အဓိကလုပ် ကိုင်နေသဖြင့် မြန်မာနိုင်ငံတဝှမ်း အပစ်ခတ်ရပ် စဲရေးအား စက်တင်ဘာလကုန်ထိ တိုးမြှင့်ထား ခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်များအနေဖြင့် နှစ်နိုင်ငံ စစ်တပ်အကြား အထင်လွဲမှားမှုများဖြစ် ပေါ်စေရန် နယ်ကျော်ပစ်ခတ်မှုများကို ရည် ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသား ထားသည်။
MNDAA မြောက်ပိုင်းတပ်ဖွဲ့များ နှစ်နိုင်ငံနယ်စပ် အနီးအခြေပြုနေထိုင်နိုင်မှု မရှိစေရေး မြန်မာစစ်တပ်မှ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး တ ရုတ်နိုင်ငံ အနေဖြင့်လည်း ပူပေါင်းဆောင်ရွက်စေလိုကြောင်း ဖော်ပြထားသည်။
မြန်မာစစ်တပ်နှင့် MNDAA မြောက်ပိုင်းတပ်ဖွဲ့တို့ ရှမ်းပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လမှ စ တင်၍ တိုက်ပွဲ ဖြစ်ပွား​နေပြီး ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း စစ်ကောင်စီတပ်များ အင်အားဖြည့်တင်း တိုးချဲ့နေကြောင်း သိရသည်။
Exit mobile version