fbpx
December 4, 2021

Day: August 17, 2021

By MPA  အကြမ်းဖက်စစ်တပ်လက်အောက်ခံ မင်္ဂလာဒုံထောက်ပို့တပ်ရင်း(၃၂၃)တွင် သြဂုတ်လ၁၅ရက်နေ့ညကစစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ “မနေ့ညကဖြစ်ပွားခဲ့တာပါ။ ညဘက်ကင်းကျနေတဲ့ စစ်သား အချင်းချင်းမူးပြီး ပစ်တဲ့သဘောပါပဲ” ဟု အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးက MPAသို့ပြောသည်။ လက်ရှိအချိန်ထိ ရရှိထားသော သတင်းများအရ မည်သည့်ရာထူးအဆင့် စစ်သားများသေဆုံးခဲ့သည်ကိုတော့သိရှိရခြင်းမရှိပေ။ မင်္ဂလာဒုံထောက်ပို့တပ်အတွင်း ဖြစ်ပွားခဲ့သည့် သေနတ်သံများကြောင့် တပ်တွင်းပုန်ကန်မှုဖြစ်ပွားသည့် သတင်းများထွက်ပေါ်လာခြင်းအပေါ်၎င်းက ငြင်းဆိုခဲ့သည်။ “တပ်တွင်းပုန်ကန်မှုတော့မဟုတ်ပါဘူးဗျ။ ဒါမျိုးကတပ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဥ်မျိုးပါ” ဟုသတင်းရင်းမြစ်ကဆိုပါသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်တပ်မှထွက်လာသူ ၁၅၀၀ခန့်ရှိလာပြီဖြစ်ကြောင်း CDMပြုလုပ်ထားသည့်ဗိုလ်ကြီးလင်းထက်အောင်၏ ပြောကြားချက်ကို ကိုးကားပြီး Myanmar Now သတင်းဌာနက ဖော်ပြထားသည်ကိုတွေ့ရသည်။...
By MPA အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖွင့်လှစ်ခဲ့သည့်နွေဦးထီပေါ်ထွက်လာပြီးနောက်တွင် ငွေကြေးလွှဲပြောင်းမှုများအတွက် wave money အပါအဝင် မည်သည့် Mobile payment ကိုမဆို အချက်အလက်အပြည်စုံဖြည့်တင်းပြီးငွေလွှဲပြောင်းနိုင်ရေးအတွက်လုပ်ငန်းစဥ်များကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း...
Breaking News By MPA ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၊ ၅၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သြဂုတ်လ ၁၇ ရက် ယနေ့ နေ့လည် ၃:၂၀...
By MPA အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ရောင်းချလျက်ရှိသော နွေဦးထီနှင့်ပတ်သက်ပြီး ငွေကြေးလွှဲပြောင်းမှုများပြုလုပ်မည့်ဘဏ်အကောင့်များကို စိစစ်အရေးယူရန်ညွှန်ကြားထားကြောင်း နှင့်ပတ်သက်ပြီး ဗဟိုဘဏ်ဒုတိယဥက္ကဌက ငြင်းဆိုလိုက်သည်။ “အွန်လိုင်းပေါ်မှာ စာတွေကျွန်မတွေ့ပါတယ်။ ကျွန်မလက်မှတ်နဲ့ထွက်နေတာပါ။ အဲ့ဒါ...
[ English Below ] By MPA မန္တလေးမြို့ရှိ သပိတ်စစ်ကြောင်းတစ်ခုဖြစ်သည့် မန္တလေးသပိတ်အင်အားစုမှ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်သီဟကို အကြမ်းဖက်စစ်တပ်က အရပ်ဝတ်များဖြင့် သြဂုတ်...
၄၄ လမ်းဖြစ်စဥ်တွင် သေနတ်မှန်ကာ သေဆုံးသည်ဟုသတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်တွင် လွတ်မြောက်နယ်မြေသို့ရောက်ရှိနေသည့် ကိုကောင်းမင်းသန့်နှင့် MPAမှ ဆက်သွယ်ပြီး အင်တာဗျူးထားပါသည်။ (​ ဖြစ်ခဲ့ရသည့် ဖြစ်စဥ် အသေးစိတ်ကို...
%d bloggers like this: