fbpx

စစ်ကောင်စီကို ထောက်ခံခဲ့သည့်” ဝ ” အမျိုးသားပါတီ(WNP)ရပ်တည်ချက်အပေါ် တန့်ယန်း ”ဝ” လူငယ်ကွန်ယက် ကန့်ကွက်ကြောင်း ထုတ်ပြန်

By MPA

ရှမ်းပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ ပါတီတခုဖြစ်သည့်အမျိုးသားပါတီ (W NP)၏ စစ်ကောင်စီကိုထောက်ခံခဲ့သည့် ရပ် တည်ချက်အပေါ်တွင် တန့်ယန်းလူငယ် ကွန်ယက်က ကန့်ကွက်ကြောင်းသဘောထားကြေငြာ ချက် ထုတ်ပြန်လိုက်သည်။

အမျိုးသားပါတီအနေဖြင့် ယခုလ ၄ရက်နေ့ က အာဏာသိမ်းစစ်ခေါင်းဆောင်ပြောကြားသွား သည့်မိန့်ခွန်းပါအချက်အလက်များအား ထောက် ခံကြောင်းနှင့် စစ်ကောင်စီနှင့် ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၂၈ ပါ တီ ပူးတွဲလက်မှတ်ရေးထိုးထုတ်ပြန်ချက်တွင် ပါ ဝင်နေသည့် တိုင်းရင်းသားပါတီတခုဖြစ်ကြောင်း သိရသည်။

ယင်းသို့လက်မှတ်ရေးထိုးမှုမှာ ရေးထိုးသူ ဥက္ကဌ ၏ သဘောထားသာဖြစ်ပြီး ပါတီနှင့် သက်ဆိုင် ခြင်းမရှိကြောင်းအမျိုးသားပါတီက ပြန် လည်ထုတ်ပြန်ခဲ့သည့်အပေါ်  WNP ၏ စစ်ကောင်စီအပေါ် သဘောထားရပ်တည်ချက်အားလူငယ်များ ကွန်ယက်မှ သိရှိလိုကြောင်း ရေး သားဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီနှင့်ပူပေါင်းမည့်အပေါ် လက် မှတ်ရေးထိုးခြင်းသည်တမျိုးသားလုံး၏ ဂုဏ်သိက္ခာနှင့် နိုင်ငံရေးရပ်တည်ချက်အပေါ်  များစွာထိခိုက်စေပြီး စစ်ကောင်စီ၏ ရက်စက် ယုတ်မာသော လုပ်ရပ်များအပေါ်မြင်နေ၊သိနေရက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် အကြံပြုတိုက်တွန်းကြောင်း ရေးသားထား သည်။

တန့်ယန်း ”​လူငယ်ကွန်ယက်အနေဖြင့် လွပ်လပ်သည့်အဖွဲ့အစည်းဖြစ်ပြီး မည်သူတဦးတယောက်၏သြဇာလွှမ်းမိုးမှုအားလက်မခံကြောင်း

နှင့်အမျိုးသားပါတီအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ၄င်းတို့လူငယ်ကွန်ယက်၏ အား ပေးထောက်ခံမှု ဆုံးရှုံးသွားရန်ရှိကြောင်း ဖော်ပြထားသည်။

#WNP #ရပ်တည်ချက် #”လူငယ်ကွန်ယက် #သဘောထားထုတ်ပြန် #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: