Site icon Myanmar Pressphoto Agency

စစ်ကောင်စီမှ အမှုဖွင့်ထားသည့် ဝါရင့် သတင်းစာဆရာ ဦးစည်သူအောင်မြင့် ဖမ်းဆီးခံရ

Advertisements
By MPA
အကြမ်းဖက် စစ်ကောင်စီက တရားစွဲထားသည့် ဝါရင့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ​သြဂုတ်လ ၁၆ရက်နေ့က စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်ကြောင်း ၄င်းနှင့်နီးစပ်သူတစ် ဦးထံမှ သိရသည်။
ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခု တွင် စစ်ကောင်စီတပ်များမှ ဧည့်စာရင်း စစ်ဆေးရန်ဟုဆိုကာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။
” တစ်နေ့ညက သူတို့အိမ်ကို ဧည့်စာရင်းစစ်မယ် ဆိုပြီး ဝင်ရှာတယ်။ ဝင်ရှာပြီးဖမ်းသွားတယ်။ ဧည့် စာရင်းမတိုင်လို့ ဖမ်းသွားတယ်ထင်လို့ စောင့် ကြည့်နေတာ ခုထိပြန်မလွှတ်တော့ဘူး”ဟု ၄င်း ၏ မိတ်ဆွေတစ်ဦးက MPAသို့ပြောသည်။
ထို့ပြင် ၄င်းနှင့်အတူ BBC Media Action ”ခံစား ကြည့်” အစီအစဥ်တင်ဆက်သူ မထက်ထက်ခိုင် ပါ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ဦးစည်သူ​အောင်မြင့်သည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏လုပ်ရပ်များအပေါ် ဝေဖန်သရော်စာများ ရေးသားခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက တရားစွဲဆိုထား​ခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း နှင့် ယနေ့ထိ ဆက်သွယ်၍မရရှိသေးကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ပြည် တွင်းမီဒီယာ ၈ ခုထိ ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး သတင်းမီဒီယာသမား ၈၀ ကျော် ဖမ်းဆီးထားကာ ဇွန်လ ၃၀ရက်နေ့က အကျဥ်းသား ၂၀၀၀ ကျော် ပြန်လည်လွှတ်ပေးရာတွင် သတင်းသမား ၂၆ ဦးသာ ပါဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်နေ့ကလည်း စစ် ကောင်စီတပ်များမှ ရှမ်းပြည်နယ်အခြေစိုက် ”သံလွင်သွေးချင်း”မီဒီယာ အယ်ဒီတာချုပ် ​မမြဝန်းရံနှင့်၄င်း၏သမီးနှစ်ဦး ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
Exit mobile version