fbpx

ရွှေပြည်သာတွင် စစ်တပ်က လူငယ်များနေထိုင်ရာနေရာတစ်ခုကိုဝင်ရောက်စီးနင်းခဲ့ပြီးပစ်ခတ်ခဲ့မှုကြောင့်လူငယ်တစ်ဦးသေဆုံး

By MPA
ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ရှိ လူငယ်များနေထိုင်ရာ အဆောင်တစ်ခုကို အကြမ်းဖက်စစ်တပ်ကသြဂုတ်လ၂၀ရက်ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးမှုကြောင့် လူငယ်သုံးဦးဖမ်းဆီးခံလိုက်ရပြီး တစ်ဦးမှာ စစ်တပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရကြောင်းသိရသည်။
“ကျနော်တို့တော့အဲ့နားမှာရှိမနေဘူး။ လိုက်မေးကြည့်တော့ အဲ့တာဟုတ်တယ်လို့သိရပါတယ်။ လာရှာတာကတော့ PDFဆိုပြီးလာရှာတာပေါ့” ရွှေပြည်သာဒေသခံတစ်ဦးက ဆိုသည်။
မနေ့ညနေသုံးနာရီခန့်တွင် စစ်တပ်က အင်အားအများအပြားဖြင့် ရွှေပြည်သာ ဒ/၁၇ရပ်ကွက်ရှိ လူနေဆောင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းပြီး ၎င်းတို့လာရောက်စဥ်တွင် ပြူတင်းပေါက်မှခုန်ချထွက်ပြေးခဲ့သူတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး အဆိုပါလူငယ်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုသိရသည်။
အကြမ်းဖက်စစ်တပ်က PDFလူငယ်များနေထိုင်သည်ဟုသတင်းရရှိပြီးလာရောက်ရှာဖွေခြင်းပြုလုပ်သည်ဟုသိရသော်လည်းအတည်မပြုနိုင်ခြင်းမရှိပေ။
ယခုလတ်တလော၌ရန်ကုန်မြို့တွင် လူငယ်များနေထိုင်ရာနေရာအများအပြားကို စစ်တပ် ကဝင်ရောက်ရှာဖွေစီးနင်းမှုများနေ့စဥ်ပြုလုပ်လျက်ရှိနေပြီး အများစုမှာ ဒလန်သတင်းပေးများကြောင့်ဖြစ်သည်။
စစ်အုပ်စုအနေဖြင့် ဧည့်စာရင်အကြောင်းပြပြီး နေအိမ်များကိုအချိန်မရွေးဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီးလူငယ်အများအပြားလည်းနေ့စဥ်ဖမ်းဆီးခြင်းခံနေရသည်။
စစ်တပ်မှအာဏာသိမ်းမှုကျူလွန်ပြီး ၇လနီးပါးကြာမြင့်လာစစ်တပ်၏လက်ချက်ကြောင့်သေဆုံးသူ တစ်ထောင်ကျော်ရှိပြီး ဖမ်းဆီးခံရသူ၇၃၀၀ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ထုတ်ပြန်ထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: