fbpx

ကပေါင်းကျ ကျေးရွာတွင် မနေ့ညက စစ်တပ်က ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး သုံးဦးသေဆုံးခဲ့

By MPA
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တန့်ဆည်မြို့နယ် ကပေါင်းကျ ကျေးရွာတွင် စစ်တပ်က သြဂုတ်လ၂၇ရက်နေ့ညပိုင်းတွင် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ပြည်သူသုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။
“မနေ့ညကပစ်ခတ်မှုတွေဖြစ်တယ်။ညဦးပိုင်းမှာ သုံးဦးကျည်ထိပြီးသေဆုံးသွားတယ်။ ​လေးယောက်အဖမ်းခံလိုက်ရတယ်”ဟု ဒေသခံတစ်ဦးကMPAသို့ပြောသည်။ပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့်သေဆုံးသူများမှာမည်သည့်နေရာတွင်သေဆုံးခဲ့သည်ကိုတော့ သိရှိရခြင်းမရှိသေးပေ။
ပြီးခဲ့တဲ့ သြဂုတ်လ၂၆ရက်နေ့နေ့လယ်ပိုင်းက ကပေါင်းကျကျေးရွာကိုအကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များရောက်ရှိလာပြီးရှာဖွေများပြုလုပ်ကာကျေးရွာသားလူငယ်တစ်ဦးကို ပစ်ခတ်ခြင်း ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပြီးညနေပိုင်းတွင် ရွာကိုမီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေ၇၀၀ကျော်သည် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
အမည်မဖော်လိုသတင်းရင်းမြစ်တစ်ဦး၏ပြောပြချက်အရ ကပေါင်းကျ ကျေးရွာတွင် ဝင်ရောက်စီးနင်းထားသော တပ်များမှာဒေသခံတပ်ရင်းများမဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်ရေးတပ်များချထားခြင်းဖြစ်ပြီးစစ်ဆင်ရေးဆင်နွှဲနေခြင်းးပြုလုပ်နေကြောင်းသိရသည်။
ကပေါင်းကျကျေးရွာကို ယခုတစ်ကြိမ်လာရောက်ရှာဖွေရှင်းမှာ(၇)ကြိမ်မြောက်ဖြစ်ပြီး စစ်တပ်က PDFများရှိသော သံသယဖြင့်ရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်သည်။ယခင်စီးနင်းခဲ့စဥ်က ရွာရှိနေအိမ်များမှ အစားအသောက်ငွေကြေးနှင့်အဖိုးတန်ပစ္စည်းများကိုယူဆောင်သွားခဲ့ကြကာ ယခုတစ်ကြိမ်တွင် ရွာကိုမီးရှို့ခဲ့ခြင်းဖြစ်သည်။
အိမ်ခြေ၇၀၀ကျော်ပြေးလွှားခဲ့ရသည့်အတွက် စားသောက်ရန်ရိက္ခာနှင့်ဆေးဝါးပစ္စည်းများ လိုအပ်လျက်ရှိနေသည်။
“ဆန်တွေအခြားစားစရာတွေတော့အရေးပေါ်လိုအပ်နေတယ်။ဆေးဝါးတွေလည်းလိုအပ်နေတယ်။လိုတာတော့ အကုန်နီးပါးလိုအပ်ပါတယ်။အရေးကြီးဆုံးကစားဖို့သောက်ဖို့ရိက္ခာပါပဲ” ဟု စစ်ဘေးရှောင်များအရေးဆောင်ရွက်နေသူတစ်ဦးက MPAသို့ပြောသည်။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်ပြည်သူ့ကာကွယ်ရေးတပ်များကို ပိုက်စိပ်တိုက်ရှာဖွေမှုများပြုလုပ်နေပြီး ရောက်ရှိသည့်ရွာများတွင် နေအိမ်နှင့်ရွာများကို ဖျက်ဆီးခြင်း၊လက်နက်ဖြင့်ခြိမ်းခြောက်ခြင်းများပြုလုပ်လျက်ရှိနေသည်။
ဓာတ်ပုံ – TAZE News
{ English Version }
Three Killed in Military’s Shooting in Ka Paung Kya Village Yesterday Evening
28 August 2021 _ By MPA
On August 27 evening, three were killed in the military’s shooting in Ka Paung Kya village of Taze township, Shwe Bo district of Sagaing region.
“There was a shooting last night. Three got hit and died in early evening and four were arrested,” said a local to MPA. Nothing has been known about the reason for shooting and where the dead bodies are put.
Last August 26, the military went to Ka Paung Kya village in the afternoon for a search and after they shot and arrested a young man, they burnt the entire village and more than 700 households had to escape.
According to an anonymous source, those who raided Ka Paung Kya village were not local battalion forces but terrorist forces that were conducting military operations.
This is the seventh time Ka Paung village has been raided for a search for PDF suspicions. During the raid process, precious items and food and drinks were taken away and this time, the village was burnt as well.
As more than 700 households had to run away, they are in need of food and medicines.
“Rice and other food items are emergency needs. Medicines are also needed. We’re in need of almost everything. The most important need is food,” said one who is helping the IDPs to MPA.
In townships within Sagaing region, the terrorist military is launching a detailed search for the People’s Defense Forces and they are destroying homes and villages they arrive in threatening the people with guns.

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: