fbpx

ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် စတင်ကြောင်း NUG ကြေညာ

By MPA 

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတဝန်း ခုခံတွန်းလှန်စစ် ယနေ့ စက်တင်ဘာ ၇ ရက် နေ့မှစ၍ စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်သည်။ 

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါဟု NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလကဆိုသည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်တွင်အလုပ်လုပ်နေသော အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းအားလုံး ယနေ့မှစ၍ တာဝန်ထမ်းဆောင်ခြင်း မှစွန်ခွာကြရန် တိုက်တွန်းထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.များ  PDF များအနေဖြင့်ပြည်သူလူထုဩ အသက်အိုးအိမ်ကိုသတိထားကာကွယ်စောင့်ရှောက်ပြီး အထက်မှ ညွန်ကြားချက်များကိုတိတိကျကျလိုက်နာရန် နှင့် ပြည်သူကာကွယ်ရေးတပ်ကထုတ်ပြန်ထားသည့် စည်းမျဥ်းစည်းကမ်းများကိုလိုက်နာကြရန် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူတို့အနေဖြင့် ခရီးသွားလာခြင်းများကို ရှောင်ကြဥ်ခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ.များ  PDF ကို အစွမ်းကုန်ပူးပေါင်းကူညီရရန် NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလက  ယနေ့မနက်တွင် အရေးပေါ်မိန့်ခွန်းပြောကြားပြီးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 #D_Day #စစ်ကောင်စီ  #MPA #NUG

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: