fbpx

ဧရာဝတီဘဏ်ငွေသယ်ကား ဓားပြတိုက်ခံရမှု သီလရှင် ၂ ပါးနှင့် လူ ၅ ဦး ဖမ်းဆီးရမိကြောင်း အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်

By MPA
ယမန်နေ့(စက်တင်ဘာ ၁၃ ရက်)နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် အင်းတကော်မြို့နယ် သာယာအေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် တွင် ဧရာဝတီဘဏ်(AYA)ကား ဓားပြတိုက်ခံရမှု တွင် သီလရှင် ၂ ပါးနှင့် လူ ၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီဝါဒဖြန့် မီဒီယာ MWD၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဧရာဝတီဘဏ်ငွေသယ်ကား ဓားပြတိုက်ခံရမှုတွင် ပဲခူးမြို့ ၊ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံ(ကျပ် သိန်းလေးသောင်း)ကျော် တင်ဆောင်လာသော ယာဥ် ၂စီးအားအား ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် ၂၅/၅ တွင် ယမန် နေ့နေ့လယ် ၂နာရီချိန်ခန့်က ယာဥ်ထိန်းရဲဝတ်စုံနှင့် ရဲဝတ်စုံဝတ်ဆင်ထားသူများအပါ လူ ၇ ဦးကတားဆီးကာ ဓားပြတိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသည့် သီလရှင် ၂ ပါးသည် ဓား ပြတိုက်ယူလာသည့် ငွေကြေးများအား လက်ခံရယူထားသဖြင့် ဓားပြမှု ကြံရာပါအဖြစ်ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ဓားပြတိုက်ခံရမှုဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး နောက် ဓားပြတိုက်မှုဆက်စပ်တရားခံများအား အချိန် ၉နာရီအတွင်းဖမ်းဆီးရမိခဲ့သည်ဟု အကြမ်းဖက် စစ်ကောင်စီမီဒီယာမှ ဖော်ပြထားသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: