fbpx

စစ်အင်အားလိုအပ်နေသဖြင့် ပြန်လည်ခိုင်းစေနိုင်သည့် စစ်မှုထမ်းဟောင်းများအား လုံခြုံရေးနှင့်စစ်ရေးတာဝန်များပေးအပ်

By MPA

အာဏာသိမ်းစစ်ကောင်စီမှ စစ်အင်အားလိုအပ်နေသဖြင့်  ပြန်လည်ခိုင်းစေနိုင်သည့် နှုတ်ထွက် /ထုတ်ပယ် စစ်မှုထမ်းဟောင်းများအား လုံခြုံရေးနှင့်စစ်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်မှုထမ်းဟောင်းအသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်စိုက်ရာ မြို့ကြီးအသီးသီးတွင် စစ်မှုထမ်းဟောင်းများအား တွေ့ ဆုံပွဲများပြုလုပ်၍ ဆန်၊ဆီအခြေခံစားကုန်နှင့် ဆေးဝါးများထောက်ပံ့ကာ စစ်ကောင်စီမှ လိုက်လံစည်းရုံးခဲ့ကြောင်းသိရသည်။

တာဝန်ပေးအပ်ရာတွင် အသက် ၇၀နှစ်နှင့်အောက် စစ်မှုထမ်းဟောင်းများ ပါဝင်ပြီး အသက်အရွယ်အလိုက် တာဝန်များပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

” မနေ့က အစည်းအဝေးလုပ်တယ်။ လုံခြုံရေးလိုက်ရမယ်ပြောတယ် ။ ဝေးလားနီး လားတော့မသိဘူး။ အသက်ကြီးပိုင်းတွေက လုံခြုံရေးပေါ့။ ငယ်တဲ့သူတွေကို ဘာတာဝန်ပေးမလဲမသိသေးဘူး ” ဟု ရန်ကုန်တိုင်းအတွင်းမှ အသက် ၆၈နှစ်အရွယ် စစ်မှုထမ်းဟောင်းတဦးက MPAသို့ပြော သည်။

စစ်မှုထမ်းဟောင်းများအနေဖြင့် ပြီးခဲ့သည့်ဇွန်လဆန်း စာသင်ကျောင်းများ စတင်ဖွင့်လှစ်စဥ်ကလည်း နိုင်ငံတဝှမ်း စာသင်ကျောင်းများတွင် ကင်းစောင့်ပေးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့်  နှုတ်ထွက်ပြီးစစ်မှုထမ်းဟောင်းများအား ခိုင်းစေနေသည့်အပြင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲစစ်သားများ၏ ဇနီးများကိုလည်း လက်နက်တပ်ဆင် တိုက်ပွဲဝင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ်အဖွဲ့အစည်းများကိုလည်း အထောက်အပံ့များပေးအပ်၍ လိုက်လံစည်းရုံးနေကြောင်း သိရသည်။

#စစ်မှုထမ်းဟောင်း #ပြန်လည်ခိုင်းစေ #စစ်ကောင်စီ #စည်းရုံးရေးဆင်း #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: