fbpx

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အကြီးအကဲ၃ဦးကို ပုဒ်မ၅၀၅(ခ)​ဖြင့်အမိန့်ချ

By MPA
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်နှင့်နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို ယနေ့(စက်တင်ဘာလ၂၁ရက်)​နေ့တွင်​ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)​ဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးက စွဲချက်တင် အမိန့်ချလိုက်သည်၊၊
 
နိုင်ငံ့ခေါင်းဆောင်များကို ဖေဖော်ဝါရီလ ပထမပတ်က အမျိုးသားဒီမိုကရေစိီအဖွဲ့ချုပ်(NLD) က ထုတ်ပြန်လိုက်သောစာနှင့်ပတ်သက်ပြီး ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်းဖြစ်သည်ဟု ရှေ့နေများအဖွဲ့ထံမှ သိရှိရသည်၊၊
 
“ပုဒ်မ ၅၀၅(ခ) နှင့်စွဲချက်တင်တယ်။ ဆူပူမှုဖြစ်အောင်လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေဖေဖော်ဝါရီ၇ရက်နေ့မှာ ထုတ်တဲ့စာနဲ့ပတ်သတ်ပြီး ဆန္ဒပြမှုတွေဖြစ်လာတယ်​ ၊ အဲ့ဒါတာနဲ့ပတ်သတ်ပြီးစွဲချက်တင်တာပေါ့ ” ဟု ​ရှေ့နေများအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းမှ MPAသို့ အတည်ပြုပြောကြားသည်၊၊
 
ထိုသို့စွဲချက်တင်မှုအပေါ်တွင်​ စွပ်စွဲ ခံရသူ၏ အခွင့်အရေးအရ တရားလိုအပါအဝင် တရားလိုပြသက်သေများကို ပြန်ခေါ်ပြီး စစ်ဆေးရန် အခွင့်ရေးရှိကြောင်း သိရသည်၊၊
 
ထိုသို့ စွဲချက်တင်ရန် တရားရုံးက အမိန့်ချမှတ်ခြင်းနှင့် ပတ်သတ်ပြီး ​ “စွဲချက်တင်ပြီးတော့ တရားရုံးက အပြစ်ရှိလား မရှိဘူးလားမေးတဲ့အချိန်မှာ ၃ဦးစလုံးက အပြစ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ် “ဟု ရှေ့နေအဖွဲ့ကဆိုသည်။
 
NLD​ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သော စာနှစ်‌စောင်နှင့် ပတ်သက်ပြီး စွဲချက်တင်ခဲ့သည့်အပေါ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက”​ ပြောစရာ ဘာရှိလဲဆိုတော့ ဒီစာတွေက သူတို့ထုတ်တဲ့စာမှမဟုတ်ဘဲ ၊ ဖေဖော်ဝါရီ၁ရက်နေ့က တည်းက CEC ကိုဖမ်းထားတာလေ လောလောဆယ်တော့ တရားခွင်မှာရောက်နေတယ်​ ၇ရက်နေ့နဲ့ ၁၃ရက်နေ့မှာ ထုတ်တဲ့စာက သူတို့နဲ့ဘာမှမဆိုင်ဘူး “​ ဟု​ မှတ်ချက်ပြုပြောကြားသည်၊၊
 
အဆိုပါအမိန့်ကို ဇမ္ဗူ​သီရိမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သောကြောင့် ​စွဲချက်ကို ပယ်ဖျက်ရန်အတွက် ခရိုင်တရားရုံးသို့​ ဆက်လက်လျှောက်ထားသွားရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်၊၊
 
အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းမှုကျူးလွန်ပြီးချိန်မှစ၍ နိုင်ငံ့ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်များကို ဖမ်းဆီးချုပ်နှောင်ထားလျက်ရှိပြီး​ ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုလျက်ရှိနေသည်၊၊
 
#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် #၅၀၅(ခ) #အမိန့်ချ #MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: