fbpx

ရန်ကုန်ရှိ လူငယ်တက်ကြွလှုပ်ရှားသူ ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီး

By MPA
 
ရန်ကုန်ရှိ လူငယ်တက်ကြွလှုပ်ရှားသူ ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်နေ့ တွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းကို မသိရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။
 
စစ်ကောင်စီ၏ ဖမ်းဆီခြင်းကို ခံရသူများမှာ မဝင်းထက်မာ(ခ)အမာ၊​ ကိုဇင်လင်း ၊​ ကိုမင်းလတ်ချို(ခ)ပြည့်ဖြိုး၊​ ကို၀င်းထိုက်၊ ကိုဖြိုးဟိန်းကျော်၊ ကိုမင်းဟိန်းသူ နှင့် ကို မိုးအောင် တို့ဖြစ်ကြပြီး စက်တင်ဘာ ၁၉ ရက်တစ်နေ့တည်းတွင် အားလုံးဖမ်းဆီးခံရခြင်းဖြစ်သည်။
 
“ တာမွေမြို့နယ်မှာ ရှိတဲ့ အမာအိမ်ကို မနက် ၉ နာရီခွဲလောက်က တံခါးတွေဖျက်ပြီး အိမ်ကို၀င်ဆီးပြီးဖမ်းသွားတယ်။​နောက်ပြီး နေ့လည်မှာ အဲအိမ်ကိုလာတဲ့ ရဲဘော်တစ်ယောက်ကိုထပ်ဖမ်းလိုက်တယ် “​ ဟု ဖမ်းဆီးခံရသည့် လူငယ်တက်ကြွလှုပ်ရှားသူများ၏ နီးစပ်သူတစ်ဦးက ဆိုသည်။
 
စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင်နေထိုင်သည့် ကိုဇင်လင်း (ခ) ကျော်ဇင်လင်း (ခ) Angry Folks ကို အကြမ်းဖက်စစ်ကောင်စီများက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ယင်းနှင့်အတူ ကိုမင်းလတ်ချို(ခ)ပြည့်ဖြိုးကျော်ပါ တပါတည်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
 
မဝင်းထက်မာ (ခ) အမာသည် ပန်းဘဲတန်းမြို့နယ်၊ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌဟောင်းပြီး UITကွန်ပျူတာကျောင်းသူတစ်ဦးလည်း ဖြစ်သည်။ ကိုဇင်လင်းသည် တက်ကြွလှုပ်ရှားသူလည်းဖြစ် လူငယ်တေးရေးတေးဆိုလည်းဖြစ်သလို ဗကသကျောင်းသားတစ်ဦးလည်းဖြစ်သည်။
 
ကိုမင်းလတ်ချို(ခ)ပြည့်ဖြိုးကျော်သည်၂၀၁၃ ခုနှစ်တည်းက ကျောင်းသားသမဂ္ဂတာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ကျောင်း သားများသမဂ္ဂ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူး ဖြစ်သလို ဒီမိုကရေစီတိုက်ပွဲများတွင် ပါဝင်ခဲ့သူဖြစ်သည်။
 
(​ Photo – ဖမ်းဆီးခံရသည့် လူငယ် ၇ ဦးမှ​ ၄ ဦး၏ ပုံများသာ စုဆောင်းရရှိရသည့်အတွက် ၄ ဦးပုံသာတင်ပြခြင်းဖြစ်သည် )
 
#လူငယ#တက်ကြွလှုပ်ရှားသူ #ရန်ကုန် #စကစ #ဖမ်းဆီး #MPA å

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: