fbpx

အကြမ်းဖက်စစ်ကောင်စီ ဘာကြောင့်အပစ်ရပ်သလဲ

By MPA [ သတင်းဆောင်းပါး ]
အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၁ အောက်တိုဘာ ၁ ရက်မှစ​တင်၍ လာမည့် ၂၀၂၂ ခုနှစ် ဖေ ဖော်ဝါရီလကုန်အထိ အချိန် ၅ လကြာ အပစ်အခတ်ရပ်စဲသွားမည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စက်တင်ဘာလ ၂၇ ရက်နေ့ညက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ကြေညာချက်တွင် ”နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲမှာ ဖြစ်သည်”ဟု ဆိုသည်။
“ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဤကြေညာချက်အား လက်တွေ့ အကောင်အထည်ဖော်ခိုင်မာနိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့ မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက်လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။
”နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးကိုယ်စားလှယ်တို့ ဆွေးနွေးမှုပြုလုပ်စဉ်တွင်လည်းကောင်း၊ EAO အဖွဲ့အချို့ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံတိုက်တွန်းလာခြင်းကိုလည်းကောင်း ကြိုဆိုပါသည် ” ဟူ၍လည်း ဖော်ပြထားသည်။
၄င်းအပြင် ” EAO များတည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ၊ ရခိုင်ပြည် နယ်အတွင်းရှိ ဘင်္ဂါလီများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် ” ဟုလည်း ရေးသားထားသည်။
သို့သော် ”ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ဖို့ ကြိုး စားဆောင်ရွက်နေသည်ဟုဆိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ အစွန်းရောက်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့မှ အကြမ်းဖက်လုပ်ရပ်များ လုပ်နေကြောင်း၊ လူထုကိုပါ နှိပ်စက်သတ်ဖြတ်မှုများလုပ်နေသည်ကို နိုင်ငံတကာအဖွဲ့အစည်းအားလုံးက သိရှိရန်လိုပါသည် ” ဟု လည်း ရေးသားဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် အကြိမ်၂၀ မြောက်၊ အပစ်ရပ်ဆိုင်းကြောင်း သက်တမ်းတိုးခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ စတင်လာခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရလက်ထက်တွင် အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ချိန်၌ ရက္ခိုင့်တပ်တော်(အေအေ)နှင့် အာဆာရှိနေသည် ဟု အကြောင်းပြကာ ရခိုင်ကို အကြိမ်ကြိမ်ချန်လှန်ထားခဲ့ဖူးသည်။
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီက ရပ်တန့်သွားခဲ့သော ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများသည် ဆယ်လကျော်ကြာမြင့်လာခဲ့ပြီဖြစ်သည်။ထိုကဲ့သို့ တိုက်ပွဲများရပ်တန့်နေချိန် ရက္ခိုင့်တပ်မတော်(အေအေ)ဖက်မှ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို လုပ်ဆောင်နေပြီး အမှုကိစ္စများကို တရားဝင်တိုင် ကြားနိုင်သည် ဟု ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ ပြောဆိုပြီးနောက်ပိုင်း အကြမ်း ဖက်စစ်ကောင်စီဖက်မှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး အေအေ၏ အုပ်ချု ပ်ရေး၊ တရားစီရင်ရေးများတွင် ပါဝင်ကူညီ မဆောင်ရွက်ပေးရန် သတိပေးခြိ မ်းခြောက်မှုများကို ပြုလုပ်လာခဲ့သည်။
ထို့အပြင် ရခိုင်၌ တိုက်ပွဲများ ရပ်တန့်နေခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်ကမူ ပထမအစတွင် အင်အားတိုးခြင်း၊ တပ်စခန်းတိုးခြင်း၊ ရိက္ခာဖြည့်တင်းခြင်း၊ ဧည့်စာရင်းစစ်မည် ဟု ထုတ်ပြန်ခြင်း၊ ကိုဗစ်အကြော င်းပြပြီး မလိုအပ်သည်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
သို့သော် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတက “ပြည်သူ့ ခုခံစစ်ကြေညာခြင်း” ဟု အကြမ်းဖက်နေသော စစ်ကောင်စီကို ခုခံရန် စက်တင် ဘာလ ၇ ရက်နေ့က မိန့်ခွန်းပြော ကြေညာခဲ့ပြီးနောက်တွင် ရခိုင်မှ စစ်အင်အားတချိူ့ကို ပြည်မသို့ ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ရသည်။
ရခိုင်ပြည်ထဲရှိ အဓိကဆက်သွယ်ရေးလမ်းကြောင်းများပေါ်မှ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ လျော့နည်းလာသလို အချို့နေရာများတွင် စစ်ဆေးရေးဂိတ်များအား ဖျက်သိမ်းသွားသည်ကိုလည်း တွေ့ရသည်။
ရခိုင်ပြည်ထဲမှ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သော ဘူးသီးတောင်မြို့နယ်ရှိ တပ်မသို့သွားရာလမ်းတစ်နေရာရှိ စစ်ဆေးရေးဂိတ်တွင် ခြေထောက်တစ်ဖက်ဖြတ်ထားရသော စစ်သည်များပင် လုံခြုံရေးယူနေရသည်ကို စက်တင်ဘာလ ဒုတိယအပတ်က တွေ့မြင်ခဲ့ရသည်။
အဆိုပါအခြေအနေများသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စက်တင်ဘာလ ၇ ရက်နေ့၊ ကြေညာချက်နောက်ပိုင်း နိုင်ငံအနှံ့အရှိန်မြင့်လာနေသော ပြည်သူ့ခုခံစစ်များကြောင့် စစ်ကောင်စီဘက်မှ စစ်သည်အင်အားလျော့နည်းလာခြင်းကို ပေါ်လွင်စေသည်။
ထို့ကြောင့် နိုင်ငံအနှံ့မှ ပြည်သူ့ခုံခံစစ်ကို အမည်ဆိုးခေါင်းစဥ်တပ်ရန် စစ်ကောင်စီသည် မြို့အချို့၊ ဒေသအချို့ကို အင်တာနက်ဖြတ်ကာ အပြင်းအထန်တိုက်ခိုက်လာခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို ညှဉ်းပန်းနှိပ်စက်လာခြင်းများ ပိုမိုကျူးလွန်နေသည် ကို တွေ့မြင်ရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များသည် ၂၀၁၇ ခုနှစ်၌ ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်ခဲ့ချိန်နှင့် ရခိုင်စစ်ပွဲဖြစ်စဥ်က ပြုမူခဲ့သည့် အတိုင်းဖြစ်နေခြင်းများသည် ICJ စွပ်စွဲချက်ကို မှန်ကန်ကြောင်း သက်သေပြနေသည့်အတိုင်း ဖြစ်နေသည်။
Photo – MPA

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: