fbpx

သတင်းထောက် မသူဇာကို ပုဒ်မ၅၀၅(က)ဖြင့် အရှေ့ဒဂုံတရားရုံးတွင် ရုံးထုတ်မည်

By MPA
အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည့် မသူဇာကိုလာမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ပုဒ်မ-၅၀၅(က) နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း မိသားစုဝင်များဆီက သိရသည်။
“ အခုချိန်ထိမိသားစုနဲတွေလိုမရသေးဘူး။​ သူမှာတဲ့လိုအပ်တဲ့အသုံးဆောင်ပစည်းတွေကိုရဲတပ်သားလေးကလာယူပေးတယ်တယ်။ သူတိုပြောပြတာကနေကောင်းတယ်ကျန်းကျန်းမာမာဘဲတဲ့ “​ ဟု မသူဇာ၏ ခင်ပွန်းဖြစ်သူ ကိုရဲကိုကဆိုသည်။​
မသူဇာသည် စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီ နောက်ပိုင်းတွင် မိသားစုနှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်ခဲ့ပြီး ၂၈ရက်ကြာပျောက်ဆုံးနေရာမှ စက်တင်ဘာ ၂၉ ရက်နေ့ တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းတွင် ရောက်ရှိနေကြောင်းကို ရဲစခန်း၏ဆက်သွယ်မှုအရ သိရကြောင်း မိသားစု၀င်တစ်ဦးက အတည်ပြုပြောဆိုသည်။
မသူဇာနေသည့်အိမ်ကို မေလအတွင်းက အကြမ်းဖက်စစ်တပ်နှင့်ရဲ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သော်လည်း သူမက နေအိမ်တွင်မရှိသဖြင့် လွတ်မြောက်ခဲ့သည်။ အဆိုပါ ရှာဖွေမှုတွင် မသူဇာကို မတွေ့ရှိသဖြင့် သူမ၏ အမျိုးသားကိုဖမ်းဆီးသွားခဲ့ပြီး ငါးရက်ခန့်အကြာမှ ပြန်လွှတ်ပေးခဲ့သည်။
မသူဇာသည် မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ် အစရှိသည်တို့တွင် ရုပ်သံနှင့် တကွ သတင်းဆောင်းပါးများကို လုပ်ကိုင်ခဲ့ဖူးသည့် လုပ်သက် ၁၄ နှစ်နီးပါးရှိ လုပ်သက်ရင့် သတင်းထောက်ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် Friday Time Journal၊ MPA သတင်းဌာနတို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အလွတ်သတင်းထောက်အဖြစ် ဆက်လက်ရပ်တည်နေသော်လည်း မေလမှစကာ သတင်းအလုပ်အကိုင်ကို ရပ်နားထားသူဖြစ်သည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: