fbpx

NUG အစိုးရကို အသိအမှတ်ပြုရေးအဆိုကို ပြင်သစ်အထက်လွှတ်တော် အတည်ပြု

By MPA
ပြင်သစ်အထက်လွှတ်တော်က NUG အစိုးရအား အသိအမှတ်ပြုရေးအဆိုကို မဲခွဲရာတွင် ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ ပြင်သစ်စံတော်ချိန် ညနေ ၄ နာရီတွင် ပြုလုပ်သည့် အထက်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး NUG ကိုယ်စားပြုသူများလည်း တက်ရောက်လေ့လာခွင့် ရရှိခဲ့သည်။
ပြင်သစ်အထက် လွှတ်တော်ဥက္ကဌ မစ္စတာ Gérard LARCHER က အဆိုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ၊ သတင်းသမား ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ တတ်သိ ပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဘာသာရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးနေမှုများအား ထည့်သွင်းစဉ်းစားကြောင်း ဆိုသည်။
အထက်လွှတ်တော်တွင် အတည်ပြုပြီးသော်လည်း၊ အောက်လွှတ်တော်တွင်အတည်ပြုရန် ကျန်ရှိနေသေးပြီး အောက်လွှတ်တော်တွင် အတည်ပြုပြီးပါက ပြင်သစ်အစိုးရနှင့် NUG တို့ ဆွေးနွေးဆောင်ရွက် နိုင်မည်ဖြစ်သည်။
#NUG #MPA #ပြင်သစ်

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: