fbpx

စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့်ရဲများ၏ အတိုးမဲ့ ၂ လစာချေးငွေများ အရစ်ကျစနစ်ဖြင့် ​ပေးဆပ်ခိုင်းနေ

By MPA
စစ်ကောင်စီမှ ၄င်းတို့လက်အောက်ခံ စစ်သားနှင့်ရဲများ၏ အတိုးမဲ့ ၂ လစာချေးငွေများအား အရစ်​ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရန်ညွှန်ကြားလိုက်ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံကသိရသည်။
ယခင်အရပ်သားအစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်းအတွင်း ၄င်းတို့၏တပ်ဖွဲ့ဝင်များထံ ထုတ် ချေးပေးထားသည့် အတိုးမဲ့ ၂ လစာချေး ငွေများအား အောက်တိုဘာလကုန်မှ စ၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အထိ ၁၂လ အကြာ လစာငွေမှ အရစ်ကျစနစ်ဖြင့် ဖြတ်တောက်မည်ဖြစ်ကြောင်းသိရသည်။
” ဒီလကုန် စဖြတ်မှာ စာထွက်ထားပြီးပြီ။ ပြန်ဖြတ်တာတော့တယောက်နဲ့တယောက်မတူဘူး။ ကျနော်တို့ဆို ၃၅၀၀၀ လောက်အဖြတ်ခံရမယ်။ အဆင့်လိုက်ဘဲ ရတုန်းကလည်းမတူဘူးပေါ့။ ဒါမယ့်ခုကာလကကုန်စျေးနှုန်းတွေကအရမ်းတက် နေတော့ သိပ်အဆင်​ပြေဘူး” ဟု နေပြည်တော်အတွင်း တာဝန်ထမ်းဆောင်နေသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက MPA သို့ ပြောသည်။
အဆိုပါချေးငွေများသည် ယခင်စစ်အာဏာ မသိမ်းမီက စစ်တပ်တိုက်ရိုက်ထိန်းချုပ်ထားသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန် ကြီးဌာနသုံးကိုသာ ပြန်လည်တောင်းခံခြင်းဖြစ်ပြီး ကျန်Non-CDM ဝန်ထမ်းများအား ၆ လ ထပ်မံဆိုင်းငံ့ပေးထားသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
” ပြန်ဆပ်ဖို့ဆိုပြီး စာထွက်ထားတာတော့ကြာပြီ။ ကာကွယ်ရေးဘက်ကလို ငွေပမာဏအတိ အကျတော့စာထွက်တာတော့မရှိသေးဘူး။ ၆လ ဆိုင်းငံ့တယ်လို့လည်း ကြားတယ်။ ခုကာလမှာ ကုန်စျေးနှုန်းတွေကအရမ်းတက်နေတာ ဒီပိုက်ဆံတွေက လျှော်ပေးသင့်ပါတယ်။ ” ဟု ရန်ကုန်တိုင်းအတွင်းရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနဝန်ထမ်း တဦးက ဆိုသည်။
စစ်ကောင်စီထံ ပြည်သူလူထုမှအခွန်မဆောင်ခြင်း၊ စီးပွားရေးကျဆင်းလာခြင်းများကြောင့် ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်း တွေ့နေပြီး ယခင်အရပ်သားအစိုးရထုတ်ချေးပေးခဲ့သည့် ဝန်ထမ်းချေးငွေများ အတင်းအကျပ် ပြန်လည်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ တွင်လည်း စစ်သားများ၏လစာ ငွေများတိုးပေးရန်အစီအစဥ်ရှိမရှိသေးဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်းသိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: