By MPA
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးအနီး မုန့်ဟင်းခါးဆိုင်ထိုင်နေသည့် မြို့နယ်စစ်ကောင်စီဥက္ကဌ ဦးကျော်ငြိမ်း ယနေ့ အောက်တိုဘာလ ၁၁ ရက် မနက် ၈နာရီဝန်းကျင်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ မုန့်ဟင်းခါးဆိုင်အတွင်းသို့ အမည်မသိ လက်နက်ကိုင်တဦးဝင်ရောက်၍ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခဲ့သဖြင့် သေဆုံး သွားခြင်းဖြစ်ကြောင်း သိရသည်။
” သူ့ကို သေချာတည်ပြီးပစ်သွားတာ။ ၈ ချက် ၉ ချက်လောက်ရှိတယ် ။ သူ့ဘေးက ၂ ယောက်က တော့ ဒဏ်ရာရတာလောက်ဘဲရှိတယ်” ဟု ဒေသ ခံတဦးက MPAသို့ပြောသည်။
ပစ်ခတ်မှုအား မည်သည့်အဖွဲ့မှပြုလုပ်သည်ဟု ကြေငြာခြင်းမရှိသေးဘဲ အဆိုပါ ပစ်ခတ်မှုဖြစ် ပွားပြီးနောက် စစ်ကောင်စီ တပ်များမှပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေပြီး လုံခြုရေးတင်းကျပ်ထားကြောင်း သိရသည်။
#မလှိုင် #မြို့နယ်အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #MPA