fbpx

ဆက်သွယ်​ရေးဆိုင်ရာ လူ့အခွင့်အရေးနှင့်အညီသာ ဖုန်းအင်တာနက်ဖြတ်တောက်ရန် MPTနှင့်ပူးတွဲလုပ်ကိုင်နေသည့် ဆူမီတိုမိုကုမ္ပဏီတောင်းဆို

By MPA
MPT နှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် ဂျပန်ကုမ္ပဏီဆူမီတိုမို မှလက်ရှိအင်တာနက်ဖြတ် တောက်နေမှုများအပေါ် ဆက်သွယ်ရေးဆိုင်ရာလူ့အခွင့်အရေးနှင့်အညီ လုပ်ဆောင်ရန် အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် MPTဆက်သွယ်ရေးလုပ်ငန်းအား တောင်းဆိုလိုက်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
ဆူမီတိုမိုအဖွဲ့အစည်းအနေဖြင့် လူမှု့အဖွဲ့အစည်း ၏အကျိုးကို အထောက်အကူပြုရန်လိုလားပြီး လူ့အခွင့်အရေးနှင့်လူမှု့ပတ်ဝန်းကျင်တိုးတက် ရေးသည် ၄င်းတို့အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖုန်း အင်တာနက် ဖြတ်တောက်မှု နှင့် စစ်ဆေးမှုများ၊ ဆက်သွယ်ရေးဆိုင်ရာလူ့အခွင့်အရေးဖြစ်သော ကိုယ်ပိုင်အချက်အလက်ထိန်းသိမ်းကာကွယ်ရေးနှင့် ဆက်သွယ်မှုရရှိ ရေးအပေါ် လွန်စွာစိုးရိမ်ကြောင်း ရေးသားဖော်ပြ ထားသည်။
ထို့ပြင် MPTသည် ၄င်းတို့ဆူမီတိုမိုနှင့် KDDI Summit Global Myanmar ကုမ္ပဏီတို့မှ ပံ့ပိုးနေသော လုပ်ငန်းတခုသာဖြစ်ပြီး ဆူမီတိုမိုနှင့် KS GM တို့အပေါ် မြန်မာနိုင်ငံဆက်သွယ်ရေးဥပဒေအရ မည်သည့်အဖွဲ့အစည်း၏ညွှန်ကြားချက်ကိုမျှ လိုက်နာရန်ညွှန်ကြားပိုင်ခွင့်မရှိဘဲ၊ မည်သည့် အဖွဲ့အစည်း၏ တိုက်ရိုက်ညွှန်ကြားချက်မှ သက် ရောက်မှုမရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီထိန်းချုပ်ထားသော MPTဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်း အင်တာနက်များဖြတ်တောက်ရာတွင် လူတဦးတယောက်စီ တိုင်း၏အခြေခံလူ့အခွင့်အရေးနှင့် လျော်ညီစွာဆောင်ရွက်ရန်၊ ပြည်သူလူထုအကျိုးထိခိုက်မှုမရှိစေရန်နှင့် ဆူမီတိုမို၏ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒနှင့်ကိုက်ညီစွာဆောင်ရွက်ရန် သဘောထား ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ဆယ်သွယ်ရေးလုပ်ငန်းကြီးတခုဖြစ်သည့် နော်ဝေအခြေစိုက် တယ်လီနောမြန်မာလုပ် ငန်းစုအနေဖြင့် စစ်ကောင်စီ၏ဖိအားပေးမှုများနှင့် ဆက်သွယ်ရေးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သြဂုတ်လအတွင်းက လက် ဘနွန်အခြေစိုက် M1Groupထံအပြီးသတ်ရောင်း ချခဲ့ကြောင်း သိရသည်။

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: