fbpx

ကျပ်သိန်းပေါင်းလေးသောင်းနီးပါးနှင့် အလုပ်မဖြစ်သေးသော ကညင်ချောင်းစီးပွားရေးဇုန်

This slideshow requires JavaScript.

By MPA

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကျပ်သိန်းပေါင်းလေးသောင်းနီးပါး အကုန်အကျခံတည်ဆောက်ထားသည့် ကညင်ချောင်းစီးပွားရေးဇုန်မှာ နယ်စပ်ကုန်သွယ်ရေးအတွက် အလုပ်မဖြစ်သေးကြောင်း ဒေသခံများက ဆိုသည်။

အဓိက က လမ်းပန်းဆက်သွယ်ရေးကြောင့်ပါ။ ကညင်ချောင်းစီးပွါးရေးဇုန်က လမ်းတွေကတော်တော်ဆိုးတော့ ကုန်သွယ်မှုတွေ တအားကြန့်ကြာပါတယ်။ ကုန်သည်တွေ အခက်တွေ့နေရတာကြောင့်ပါဟု မောင်တောကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ဦးအောင်စံသိန်းက MPA သို့ ပြောသည်။

အဆိုပါကညင်ချောင်းစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်မှစတင်ပြီး အစိုးရမှ သိန်းပေါင်း ၂၅,၀၀၀၊ ပုဂ္ဂလိကမှ သိန်းပေါင်း ၁၃,၄၀၀၊ စုစုပေါင်း သိန်းပေါင်း ၃၈,၄၀၀ ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုဇုန်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကညင်ချောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (Kanyincha ung Economic Development Co. Ltd) တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

ကညင်ချောင်းစီးပွားရေးဇုန်က ဘယ်လိုမှ ကုန်သွယ်လို့အဆင်မပြေနိုင်ပါဘူး။ ဘာအတွက်လဲဆိုတော့ လမ်းကလုံးဝမကောင်းတော့ဘူး။ ကားတွေရာချီပြီးပိတ်မိနေတာတွေကြောင့် ကုန်တွေပျက်စီးသွားရတယ်။ ကျွန်တော်တို့ကုန်သည်တွေ တအားဆုံးရှုံးနစ်နာခဲ့ကြရတယ် ‘’ဟု ကုန်သည်တစ်ဦးဖြစ်သည့်  မာမတ်ဆော်လိမ်က ဆိုသည်။

ထိုကညင်ချောင်းဆိပ်ကမ်းတည်ရှိသည့် ကညင်ချောင်းမှာ ရေနက်သဖြင့် အချိန်မရွေး၊ ရာသီမရွေး၊ ကုန်တင်လှေများ ဝင်/ထွက်သွားလာနိုင်သော်လည်း ဇုန်အတွင်းရှိ ကားလမ်းများမှာ ဆိုးဝါးပျက်စီးနေသောကြောင့် အသုံးပြုရန်အတွက် အဆင်မပြေသေးကြောင်းလည်း ဒေသခံကုန်သည်ကြီးများထံမှ သိရသည်။

ထိုသို့အဆင်မပြေမှုများကြောင့် ယခင်အသုံးပြုခဲ့သည့် မောင်တောဘုတ်ဆိပ်၊ အမှတ်()ဝင်/ထွက်စခန်း(POE)နေရာကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ကညင်ချောင်းစီးပွားရေးဇုန်ကနေ ကုန်သွယ်မှုပြုလုပ်မှာမဟုတ်တော့ဘူး။ ယခင်မူလနေရာဘုတ်ဆိပ် POE ဝင်/ထွက်စခန်းကနေပဲ ကုန်သွယ်မှုကိုပြုလုပ်သွားဖို့ အားလုံးပြင်ဆင်ထားပြီးပါပြီဟု မောင်တောကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ဦးအောင်စံသိန်းက ဆိုသည်။

အဆိုပါအမှတ်()ဝင်/ထွက်စခန်း (POE)ဆိပ်ကမ်းမှ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် ဆောင်းတွင်းနှင့်နွေရာသီ၌ ချောင်းထဲတွင် ဒီရေမရှိတတ်သောကြောင့် ကုန်တင်လှေများ ဒီရေတက်ချိန်ကို စောင့်ဆိုင်းထွက်ခွာနေရသဖြင့် အဆင်မပြေမှုများကို ကြုံတွေ့ခဲ့ရကြောင်းလည်း ကုန်သည်များက ရှင်းပြသည်။

ရခိုင်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုကို ကိုဗစ်တတိယလှိုင်း ပြင်းထန်လာသည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပိတ်ထားခဲ့သည်။

ကျွန်တော်တို့ဆီကို ပြည်နယ်ကောင်စီက တောင်းဆိုလာတဲ့အချက်အလက်တွေ အားလုံးဖြည့်ပြီးတင်ပြထားပြီးဖြစ်တယ်ဟု မောင်တောကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ဦအောင်စံသိန်းက ဆိိုသည်။

ရခိုင်ပြည်နယ်အတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုသာရှိပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၅ ခုနှစ်မှ စတင်ကာ မူလနေရာမှ တစ်မိုင်ကျော်ခန့်အဝေးရှိ ကညင်ချောင်းတွင် ကညင်ချောင်းကုန်သွယ်ရေးဇုန်အမည်ဖြင့် စတင်တည်ဆောက်ခဲ့သည်။

ထိုနောက်ကညင်ချောင်းစီးပွားရေးဇုန်ဟု အမည်ပြောင်းကာ ကျပ်သိန်းပေါင်း ၃၈,၄၀၀ အကုန်အကျခံကာ ၇ နှစ်ကျော်တည်ဆောက်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံမပြည့်စုံသဖြင့် အလုပ်မဖြစ်သေးကြောင်း ကုန်သည်တချို့က ဝေဖန်ထောက်ပြကြသည်။

ကျပ်သိန်းပေါင်း ၃၈,၄၀၀ ကျော်ဟာ မြေမှာမြုပ်သွားသလိုပါပဲမောင်တောတွင် နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသည့် ကုန်သည်တစ်ဦးက ဆိုသည်။

အဆိုပါကညင်ချောင်းစီးပွားရေးဇုန်ကို P.P.P စနစ်ဖြင့်  RSG&KED Co.Ltdတို့က တည်ဆောက်ခဲ့ပြီး ဆိပ်ခံတံတားအမှတ်()ကို Family Aye Chan Co.Ltd.က ကျပ်သန်း ၂၁၃.၄၈ ၊ Lot No 2 အတွက် မြေထိန်းနံရံကို  Mayyu Rome Co.Ltd.က ကျပ်သန်း ၈၃.၆၅၊ Lot No 3 အတွက် All Top Product Co.Ltd က ကျပ်သန်း ၁၄၆.၇၅၊ Lot No 4 အတွက် ကမ်း

နားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအတွက် Thazin Than Win Co.Ltd က ကျပ်သန်း ၂၉၂.၇ နှင့် ခွင့်ပြုငွေများဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

#ရခိုင်ပြည်နယ် #စီးပွားရေးဇုန် #ကညင်ချောင်း #မောင်တော #MPA 

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: