fbpx

MyTel ကုမ္ပဏီ အကြီးအကဲတစ်ဦး သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရ

By MPA
ယနေ့ နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၇ မိုင်ရှိ တေးနုယဉ်လမ်းတွင်နေထိုင်သည့် MyTel ကုမ္ပဏီ၏ အကြီးအကဲတစ်ဦးဖြစ်သည့် ဦးသိန်းအောင် ကိုအမည်မသိသေနတ်သမားကလာရောက်ပစ်သတ်သွားကြောင်း ရပ်ကွက်တွင်းနေထိုင်သူများထံမှ သတင်းရရှိသည်။
MyTel ကုမ္ပဏီ၏ အကြီးအကဲတစ်ဦးဖြစ်သည့် ဦးသိန်းအောင်နှင့်အတူ အမျိုးသမီးဖြစ်သူကိုပါ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ပြီး ဦးသိန်းအောင်မှာ ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီးဖြစ်သူမှာ အပြင်းအထန်ဒါဏ်ရာဖြင့် ဆေးရုံကိုရောက်ရှိသွားကြောင်း မျက်မြင်တွေ့သူများကဆိုသည်။
ဦးသိန်းအောင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး MyTel ကုမ္ပဏီစတင်ထူထောင်ချိန်မှစတင်ပြီး Chief Finance Officer အဖြစ်တာ၀န်ထမ်းဆောင်နေသူဖြစ်သည်။
[ English Version ]
Chief of MyTel Company Murdered
By MPA
At around 8am today, one MyTel Company chief, U Thein Aung, who lived on Taynuyin strett, at seventh mile of Mayangone township, was shot and killed by an anonymous armed man, residents of the area said.
Chief of MyTel company U Thein Aung and wife were both shot; U Thein Aung was dead on the spot and his wife was hospitalized with a serious wound, eye-witnesses said.
U Thein Aung was an ex-military official and served as the Chief Finance Officer since the establishment of MyTel company.

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: