fbpx

ဒေဝါလီနေ့(ခေါ်)ဒီပါဝလီနေ့ကို တိုးတိုးတိတ်တိတ်သာပြုလုပ်

[ English Below ]

This slideshow requires JavaScript.

Photo – Kaung Mrat Naing / MPA
မြန်မာနိုင်ငံတွင်ဒေဝါလီနေ့ (Diwali)ဟုလူသိများပြီး အချို့ နိုင်ငံများတွင်ဒီပါ ဝလီ (Deepavali)ဟုခေါ်ကြသည့် နိုဝင်ဘာလ ၄ ရက်၊ယနေ့ကျရောက်သောဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော်ကို ရခိုင်မှာ တိုးတိုးတိတ်တိတ်သာပြုလုပ်ကြသည်။
”ဒီနှစ်က ပွဲတော်ကျင်းပကြတာမဟုတ်ပါဘူး။ ဘာသာရေးအစဉ်အလာအရ မီး ထွန်းပူဇော်ကြတာပါ။ ဒီနေ့ တစ်ညတည်းပါပဲ။” ဟု ဟိန္ဒူအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။အဆိုပါဒီပါ၀လီပွဲတော်မှာဟိန္ဒူဘာသာဝင်တို့၏ပွဲတော်များထဲမှအကျော်ကြားဆုံးတစ်ခုဖြစ်ပြီးနှစ်စဉ်နှစ်တိုင်း ဆောင်းဦးအချိန်တွင် ကျင်းပပြုလုပ်ကြသည်။
ထိုပွဲတော်ကျင်းပသည့်ကာလတွင် ဘုရားကျောင်းများ၊လူနေအိမ်များ၊ ဈေးဆိုင်များနှင့် အများပြည်သူနှင့်ဆိုင်သည့်အဆောက်အအုံများတွင် မီးများကို လှပစွာ ထွန်းကြခြင်းဖြစ်သည်။
ယခုနှစ်ကျရောက်သောပွဲတော်နေ့ကိုမြန်မာပြည်တွင် စစ်အာဏာရှင်သိမ်းမှုကြောင့် ပွဲတော်ကိုမကျင်းပဖို့ ဟိန္ဒူဘာ သာရေးအဖွဲ့ကြီးက သဘောထားထုတ်ပြန်ထားသည်။
[ English Version ]
Diwali Day (a) Deepavali Day Secretly Held
Photo – Kaung Mrat Naing / MPA
In Myanmar, a festival of lights of Hindus well known as Diwali and Deepavali in some countries, which fell on November 4 was secretly held in Rakhine.
“This year, it wasn’t a celebration of the festival. Just offering lights according to the religious custom. Just tonight only”, said a Hindu woman to MPA.
Diwali is one of the most well-known festivals of all Hindu festivals and it is held in early Autumn every year.
In the time of celebration, lights are beautifully ignited at churches, houses, shops and public buildings.
In Myanmar, due to the military coup, a large Hindu religious organization issued to not hold the festival this year in Myanmar.

Leave a Reply

You might like

© 2022 Myanmar Pressphoto Agency - WordPress Theme by WPEnjoy
%d bloggers like this: